သိုင်းငင်းရွာအနီးတွင် ကားလမ်းပေါ်မြေစာပြိုကျတာကြောင့် ကားအစီး (၁၀၀)ကျော်ပိတ်မိ

ကလေးမြို့မှ ချင်းတောင်တက်တဲ့ကားလမ်း မိုင် (၃၀) တွင် လမ်းပေါ်မှာ မြေစာတွေကျလာတာကြောင့် ခရီးသွားယာဉ် အစီး (၁၀၀)ကျော် မနေ့ညက စပြီး အခုထိ ပိတ်မိနေတယ်လို့သတင်းရရှိပါတယ်။

ယင်းမြေစာပုံကျတဲ့နေရာဟာ နှစ်တိုင်းကားလမ်းပျက်စီးတဲ့နေရာဖြစ်ပြီး ကလေးမြို့ဘက်က တက်တယ်ဆိုရင် သိုင်းငင်းရွာမရောက်ခင်မှာ ဖြစ်ပါတယ်။

ခရီးသွားအမျိုးသမီးတစ်ဦးက “လမ်းလုပ်သမားတွေက မနေ့ညကတည်းက မြေစာတွေပြိုနေပြီ်တဲ့။ စက်ကြီး ၅ စီးနဲ့မြေစာတွေ ခုထိ ရှင်းနေတုန်းပဲ။ အတက်ကားရော၊ အဆင်းကားပါအားလုံးပိတ်မိနေတယ်။ မိုးလည်းတအားရွာနေတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်