သီပေါမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ထိန်းချုပ်

၁၄၊ အောက်တိုဘာ၊ ၂၀၂၄

Zalen

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို တအာင်းတပ်မတော် (TNLA) က အောက်တိုဘာလ ၁၃ ရက်နေ့မှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးကျန်ရှိတဲ့ သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ – ၂၃ တပ်ရင်းကို TNLA က အောက်တိုဘာလ ၁၃ ရက်နေ့မှာ အပြီးသတ်သိမ်းယူခဲ့ပြီးနောက် မြို့ကို ထိန်းချုပ် နိုင်ခဲ့တာဖြစ်ပါတယ်။

Zalen ad

အဲဒီစခန်း သိမ်းပိုက်မှုမှာ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေလည်း ဖမ်းဆီးခံထားရတယ်လို့

“ မနေ့က သီပေါမှာ လက်ကျန် စခန်းဖြစ်တဲ့ ခလရ ၂၃ သိမ်းလိုက်နိုင်ခဲ့တယ်၊ စစ်သားတွေနဲ့ သူတို့မိသားစုတွေလည်း ဖမ်းမိတယ်လို့ ကြားတယ်။ ‌အခုတော့ မြေပြင်ရှင်းလင်း‌ရေး လုပ်နေကြတယ်။ TNLAက သီပေါကို တိုက်တာ နှစ်လ‌ကျော်ကြာခဲ့တယ်။ စကစဘက်က လေကြောင်းရော၊ လက်နက်ကြီး‌ရော ပြင်းပြင်း ထန်ထန် ခုခံလို့ ဒီလောက်ထိကြာ‌သွားတာ။ ” လို့ စစ်ရေးအခြေနေကိုသိတဲ့ ဒေသခံတ်ဦးက ပြောပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့ကစပြီး သီပေါမြို့ပေါ်ကို TNLA က ထိုးစစ်ဆင်ခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့မှာတော့ မြို့ပေါ်ဌာနဆိုင်ရာ ရုံးအားလုံးကို ထိန်းချုပ်နိုင်ပါတယ်။

ခြေမြန်တပ်ရင်း ခမရ-၅၀၃၊ ခမရ-၅၀၄ တပ်စခန်းတွေကို TNLA က စက်တင်ဘာလကုန်ပိုင်းမှာသိမ်းပိုက်ခဲ့ပြီး လက်ကျန် ခလရ-၂၃ တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲ၊ မိုးမိတ်၊ နောင်ချို၊ မိုးကုတ်၊ သီပေါမြို့တွေကို TNLA သိမ်းပိုက်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီသတ်ဖြတ်ထားတယ်လို့ ယူဆရတဲ့အမျိုးသားတဦးရုပ်အလောင်းတွေ့ရှိ

မတ် ၉၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Tuphei ကျေးရွာမှာအကြမ်းဖက်စစ်တပ်ရဲ့သတ်ဖြတ်ခြင်းခံရတယ်လို့ ယူဆ ရတဲ့ အမျိုးသားရုပ်အလောင်းတလောင်းကို ယမန်နေ့ မတ်လ ၈ ရက်နေ့မှာဒေသခံများကတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအလောင်း ကို ယမန်နေ့ မတ်လ ၈ ...

ဆက်ဖတ်ရန်