သုံးထပ်ကွင်းချန်ပီယံ ရဲသွေးနီ နဲ့ အောက်ချင်းလေး စိန်ခေါ်ပွဲ သရေကျ

၂၀၁၉၊ နိုဝင်ဘာလ (၃)
သုံးထပ်ကွင်းချန်ပီယံ ရဲသွေးနီ နဲ့ အောက်ချင်းလေး တို့စိန်ခေါ်ပွဲထိုးတွင် ပွဲပြည့်တဲ့ ငါးချီအထိရင်ဆိုင်ထိုးသတ်ရာ သရေကျခဲ့ပါတယ်။

AIR KBZ Fight – 6 ရိုးရာလက်ဝှေ့ ရွှေအောင်လံလုပွဲကို ရန်ကုန်မြို့သိမ်ဖြူ လက်ဝှေ့ရုံ၌ ဒီနေ့ ညနေ (၂)နာရီတွင် ကျင်းပပါတယ်။

ရဲသွေးနီဟာ ၂၀၁၈ ခုနှစ်အကုန်ထိ ပြည်တွင်းကစားသမားများတွင် ပြိုင်ဘက်ကင်းတဲ့ ကစားသမားဖြစ်ပြီး အောက်ချင်းလေးက ပထမဆုံး စိန်ခေါ်တဲ့သူဖြစ်ပါတယ်။

အောက်ချင်းလေးနဲ့ တောင်ဇလပ်ကလပ် နည်းပြ ဦးဟာဟုန်း

AIR KBZ Fight- 6 ရိုးရာက်ဝှေ့ ရွှေအောင်လံလုပွဲတွင် အခြားရွှေအောင်လံလုပွဲများအဖြစ် စိုးလင်းဦး နဲ့ ရွှေရာမာဉ်၊ ရဲသွေးနီး နဲ့ အောင်ချင်းလေး၊ စောရွှေလေး နဲ့ ချက်ဂါဖန်(ထိုင်း)၊ စောဒါဝိတ် နဲ့ နိုင်ဝင်းထွန်း၊ သိုင်းပြောင်းပြန် နဲ့ ရိုးရာလက်ဝှေ့ အထူးစိန်ခေါ်ပွဲအဖြစ် မှော်ဘီဇာမဏီနဲ့ စောနီကို (ဂျာမနီ) တို့ ယှဉ်ပြိုင် ထိုးသတ်ကြပါတယ်။

Zalen ad

(Zawgyi)


၂၀၁၉၊ နိုဝင်ဘာလ (၃)




နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ...

ဆက်ဖတ်ရန်