ဟားခါးမြို့ စစ်ကောင်စီဗျူဟာကုန်းကို ဒရုန်းနဲ့ သုံးကြိမ်ဗုံးကြဲရာထိခိုက်သေဆုံးမှု ရှိခဲ့

၁၆၊ ဧပြီ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ဟားခါးမြို့ ကနေ အပေါ်ဘက် ရုန်းတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်း စခန်းကို မနေ့ ဧပြီလ ၁၅ ရက်မှာ ဒရုန်းနဲ့ဗုံးကြဲချရာ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ CDF-Hakha ကထုတ် ပြန်ပါတယ်။

ဧပြီလ ၁၅ ရက်မှာ Quantum Project အနေနဲ့ ရုန်းတောင်ပေါ်ရှိစစ်ကောင်စီ ဗျူဟာကုန်းကို CDF-Hakha, CDF-Thantlang,CDF-Zophei နဲ့ CDF-Lautu ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ သုံးကြိမ်တိုင်တိုင် ဗုံးကြဲချရာ စစ်ကောင်စီ ဘက်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ CDF-Hakha ကဆိုပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး “ကျနော်တို့ ဒရုန်းနဲ့ ဗုံးသွားကြဲပါတယ်၊အတိအကျကိုတော့ ပြောလို့မရ သေးဘူး၊တာဝန်ရှိသူတွေထုတ်ပြန်ပါလိမ့်မယ်” လို့CDF- Hakha သတင်းအရင်းအမြစ်ကပြောပါတယ်။CDF-Hakha၊ CDF-Thantlang နဲ့ CDF-Lautu ကတာဝန်ရှိသူတွေကို Zalen အနေနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းအ ဆက်အသွယ်မရေသေးပါ။

ချင်းပြည်နယ်မှာ စစ်နိုင်ဖို့ဆိုရင် ရုန်းတောင်ပေါ်က စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ဖို့ကလည်း အရေးကြီး တာ ကြောင့် ပြည်တွင်းပြည်ပရောက်ချင်းပြည်သူများ တော်လှန်ရေးအဖွဲ့များနဲ့ ဆက်လက်ရပ်တည်ပေးဖို့ တိုက်တွန်းထားသလို စစ်ကောင်စီနဲ့ သူတို့ရဲ့ အပေါင်းအပါတွေကို နားချိန်မရှိအောင် ဆက်တိုက်ဖိအားပေး သွားမယ်လို့လည်း CDF-Hakha က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်မှာလည်း စစ်ကောင်စီခန့် ဝန်ကြီးတွေစီးတဲ့ ကားကို ဟားခါးမြို့သစ် လမ်းဆုံမှာ CDF-Hakha ကကြားဖြတ်တိုက်ခိုက် ခဲ့လို့ ဝန်ကြီးနှစ်ဦးအပါအဝင် ၆ ဦးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီရဲ့ လူမှုရေး ဝန်ကြီးက ဒဏ်ရာပြင်းထန်ခဲ့တယ် လို့ သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်