ဟားခါးမှာ VPN သုံးစွဲသူကိုဖမ်းမိပါက ကျပ်သိန်း ၃၀ အထိဒဏ်ရိုက်တယ်လို့ဆို

၁၂၊ဇွန်လ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ဟားခါးမြို့မှာအခုရက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက VPN သုံးစွဲသူများကို လိုက်လံစစ်ဆေး နေပြီး တွေ့ရှိပါက ဒဏ်ငွေအနေနဲ့ ကျပ် သိန်း ၃၀ အထိဒဏ်ရိုက်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်လောက်ကနေစပြီး အကြမ်းဖက်စစ်ကောင်စီဟာ ဟားခါးမြို့တွင်းမှာ လှည့်လည်စစ်ဆေး မှုများ ပြုလုပ်ခဲ့ပြီး VPN အသုံးပြုသူများကို ရှာဖွေနေတာလို့သိရပါတယ်။

Zalen ad

“စတာကတော့ အရင်ပတ်လောက်ကစပြီ။ ဒါပေမယ့် ဇွန်လ ၁၀ လောက်ကစပြီးတော့ ပိုကြမ်းလာတယ်။ ဟားခါးမြို့ ထဲမှာ ကား ၅ စီးနဲ့လှည့်ပြီးတော့ သူတို့စစ်ချင်တဲ့နေရာမှာ ဝင်စစ်တာ။ အဓိကတော့ လမ်းထောင့် တွေကနေစောင့်ပြီးတော့ သူတို့စစ်ချင်တဲ့လူကိုစစ်တယ်။အများစုတော့ အမျိုးသားကို ပိုစစ်ကြတယ်။လူတိုင်း တော့ သူတို့လည်းမစစ်နိုင်ဘူးလေ။အဲ့မှာ သူတို့ဖုန်းထဲမှာ VPN အသုံးပြုတဲ့လူတွေ့ရင် ကျပ် သိန်း ၃၀ အထိ ဒဏ်ရိုက်တာလို့ ပြောကြတယ်။”လို့ ဟားခါးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက Zalen ကိုပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ သူတို့အာဏာ စသိမ်းချိန်ကနေစပြီး သတင်းအမှောင်ချဖို့အတွက် စတင်ကြိုးပမ်းလာ ကာ မြန်မာပြည်သူများ အသုံးအများဆုံးဖြစ်တဲ့ Facebook အပါအဝင် တစ်ခြားသော ဆိုရှယ်မီဒီယာများ အသုံးပြုခြင်းကို ပိတ်ပင်လာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သူတို့အလိုကျထိန်းချုပ်နိုင်မယ့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို တီထွင်နိုင်ဖို့ တရုတ်ရဲ့ အကူအညီနဲ့ Facebook အစား My Space၊ Youtube အစား Mtube စတာတွေအစားထိုးနိုင်ဖို့ ကြိုစားနေကြကာ ယနေ့အချိန်အထိတော့ အစားထိုးနိုင်ခြင်းမရှိသေးတဲ့ အခြေအနေဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်