ဟားခါး-ထန်တလန်ကြား ခရီးသည်တင်ယာဉ်တစ်စီးချောက်ထဲကျ၍ အမျိုးသမီး ၂ ဦးသေဆုံး

ထန်တလန်မြို့မှ ဟားခါးမြို့သို့ထွက်ခွာတဲ့ ချင်းတောင်တန်းခရီးသည်ယာဉ်တစ်စီးဟာ ဒီမနက် ၇နာရီခွဲခန့်တွင် လမ်းဘေးချောက်ထဲထိုးကျသဖြင့် ခရီးသည် အမျိုးသမီး ၂ ဦးပွဲချင်းသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးတွေဟာ အသက် (၃၀)ကျော်တစ်ဦးနဲ့ အသက် (၆၂)နှစ်အရွယ်အမျိုးသမီးတွေဖြစ်ပါတယ်။

ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့နေရာဟာ ထန်တလန်မြို့ကနေ (၂)မိုင်ခန့်အကွာမှာဖြစ်တာပါ။

ထန်တလန်မြို့နယ် စည်ပင်ဥက္ကဌ ဦးရမ်ခါရ်က “အခင်းဖြစ်ပွားတဲ့နေရာက လမ်းကောင်းပါတယ်။ ဘာကြောင့် ကားမတော်တဆဖြစ်သွားတာလဲဆိုတာမသိရပေမယ့် ကားမှာ တစ်ခုခုချို့ယွင်းချက်ရှိမယ်လို့ယူဆရပါတယ်။ ကားက လမ်းအောက်ဘက် ပေ ၂၀၀ ကျော်ထိကျသွားတယ်။ ကားပေါ်မှာ လူ ၁၁ ပါတယ်။ ကားဆရာကတော့ ခါးရိုးကျိုးတယ်” လို့ပြောပါတယ်။

ယာဉ်မတော်တဆဖြစ်မှုကြောင့် ဒဏ်ရာရရှိသူ (၉)ဦးရှိပြီး ၅ ယောက်ကို ထန်တလန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ဒဏ်ရာအသည်းအသန်ရရှိတဲ့ ကျန် ၄ ယောက်ကို ဟားခါးပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသလျက်ရှိပါတယ်။

(Zawgyi)

ဟားခါး-ထန္တလန္ၾကား ခရီးသည္တင္ယာဥ္တစ္စီးေခ်ာက္ထဲက်၍ အမ်ိဳးသမီး ၂ ဦးေသဆုံး

ထန္တလန္ၿမိဳ႕မွ ဟားခါးၿမိဳ႕သို႔ထြက္ခြာတဲ့ ခ်င္းေတာင္တန္းခရီးသည္ယာဥ္တစ္စီးဟာ ဒီမနက္ ၇နာရီခြဲခန႔္တြင္ လမ္းေဘးေခ်ာက္ထဲထိုးက်သျဖင့္ ခရီးသည္ အမ်ိဳးသမီး ၂ ဦးပြဲခ်င္းေသဆုံးသြားတယ္လို႔သတင္းရရွိပါတယ္။

ေသဆုံးသြားတဲ့အမ်ိဳးသမီးေတြဟာ အသက္ (၃၀)ေက်ာ္တစ္ဦးနဲ႔ အသက္ (၆၂)ႏွစ္အ႐ြယ္အမ်ိဳးသမီးေတြျဖစ္ပါတယ္။

ယာဥ္မေတာ္တဆမႈျဖစ္ပြားတဲ့ေနရာဟာ ထန္တလန္ၿမိဳ႕ကေန (၂)မိုင္ခန႔္အကြာမွာျဖစ္တာပါ။

ထန္တလန္ၿမိဳ႕နယ္ စည္ပင္ဥကၠဌ ဦးရမ္ခါရ္က “အခင္းျဖစ္ပြားတဲ့ေနရာက လမ္းေကာင္းပါတယ္။ ဘာေၾကာင့္ ကားမေတာ္တဆျဖစ္သြားတာလဲဆိုတာမသိရေပမယ့္ ကားမွာ တစ္ခုခုခ်ိဳ႕ယြင္းခ်က္ရွိမယ္လို႔ယူဆရပါတယ္။ ကားက လမ္းေအာက္ဘက္ ေပ ၂၀၀ ေက်ာ္ထိက်သြားတယ္။ ကားေပၚမွာ လူ ၁၁ ပါတယ္။ ကားဆရာကေတာ့ ခါး႐ိုးက်ိဳးတယ္” လို႔ေျပာပါတယ္။

ယာဥ္မေတာ္တဆျဖစ္မႈေၾကာင့္ ဒဏ္ရာရရွိသူ (၉)ဦးရွိၿပီး ၅ ေယာက္ကို ထန္တလန္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ၿပီး ဒဏ္ရာအသည္းအသန္ရရွိတဲ့ က်န္ ၄ ေယာက္ကို ဟားခါးျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ကုသလ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်