အင်ဖာလ်းကနေ မန္တလေးမြို့ကို နိုင်ငံတကာလေကြောင်းလိုင်းပြေးဆွဲရန် စီစဉ်နေ

အိန္ဒိယနိုင်ငံ ၊ မဏီပူရ်ပြည်နယ်ဝန်ကြီးချုပ် အင်ဘိုင်ရင်ဆင့်က နိုင်ဝင်ဘာလ ၂၄ ရက်နေ့တွင် ပြောကြားချက်အရ ဗဟိုအစိုးရ၏ UDAAN စီမံကိန်းအောက်တွင် အင်ဖာလ်းလေဆိပ်ကနေ မန္တလေး၊ မန္တလေးကနေ ဘန်ကောက်မြို့ကို နိုင်ငံတကာ လေးကြောင်း ခရီးစဉ်ပြေးဆွဲရန် ကြိုးပမ်းနေကြောင်း ဆိုပါတယ်။

မဏီပူရ်ပြည်နယ်ဟာ အာဆီယံဒေသနှင့် အလွန်အတွက် တခါးပေါက်လိုဖြစ်နေသောကြောင့် ခုလို ပိုမိုကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေးကြောင့် ခရီးသွားလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး၊ နည်းပညာ နှင့် နည်းပညာဝန်ဆောင်မှု အစရှိသော လုပ်ငန်းများအတွက်လည်း အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး အားလုံးပါဝင်ပြီး ရေရှည်ခိုင်မာသော တိုးတက်မှုကို ဖြစ်ပေါ်စေမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

မိုရေးမြို့အထိ ဆက်သွယ်ထားသော အဝေးပြေးလမ်းမကြီး ပြန်လည်ပြင်ဆင်ခြင်းကလည်း ပြီးဆုံးခါနီးနေပြီဖြစ်ကြောင်း သုံးနိုင်ငံဆက်သွယ်ထားသော အဝေးပြေးလမ်းစီမံကိန်းများဖြစ်တဲ့ Kaladan Multi-Modal Transit Transport Project နှင့် SASEC Road Connectivity Projects တို့ကို ပြီးဆုံးသွားပါက မဏီပူရ်နှင့် အိန္ဒိယအတွက်လည်း ပြောင်းလဲမှုကို ဖြစ်ပေါ်စေသော လမ်းများဖြစ်လာမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံကို ဖြတ်ပြီး လေကြောင်းလိုင်းပြေးဆွဲမည်ဟု ဆိုသော်လည်း စီမံကိန်း၏ အသေးစိတ်အချက်အလက်ကိုတော့ ပြည်နယ်ဝန်ကြီးချုပ်က ရှင်းပြထားခြင်း မရှိပါ။

နောက်ဆုံးရသတင်းများ

၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးနှင့် ၂၀၂၅ ခုနှစ် အလားအလာ

ကို‌ဗန် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍ ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ (၂၆)ရာခိုင်နှုန်းအထိ ရှိလာနေပြီး လူဦးရေသုံးပုံ နှစ်ပုံမှာ ဆင်းရဲတွင်းထဲသို့ ရောက်နေသည်။ မကြာသေးမှီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ(၁၅)သန်းမှာ အစာရေစာ ရှားပါးမှုဒဏ်ကို ...

ဆက်ဖတ်ရန်