အင်းစိန်မြို့နယ် စစ်ကောင်စီ စုပေါင်းရုံးအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် လုံခြုံရေးတင်းကြပ်နေ

၂၆၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီ စုပေါင်းရုံးအနီးမှာ အောက်တိုဘာလ ၂၅ ရက်မနေ့ညက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာဟာ အင်းစိန် ပြည်သူ့ဆေးရုံကြီးနဲ့ စစ်ကောင်စီ စုပေါင်းရုံး အကြားမှာဖြစ်ပြီး လူထိခိုက်မှုမရှိခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေက ဒီကနေ့ မနက်အထိ လုံခြုံရေးယူထားပြီး စစ်ဆေးရေးလုပ်ဆောင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

Zalen ad

“ညဘက်မှာ အသံတော်တော်ကျယ်တယ်။ ပေါက်ကွဲတာလေ၊ ဗုံးပေါက်တာပဲထင်တယ်။ အဲအသံကြားပြီး သိပ်မကြာဘူး၊ စစ်သားတွေရောက်လာပြီး လုံခြုံရေးတွေယူပြီး စစ်နေတာ၊ ဒီနေ့မနက်အထိပဲ။ ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ အင်းစိန်မြို့ခံတစ်ဦးက ပြောပါတယ်။

အင်းစိန်မြို့နယ် စစ်ကောင်စီ စုပေါင်းရုံးဟာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ရုံးဖွင့်ထားတဲ့ နေရာလည်းဖြစ်ပါတယ်။

၂၀၂၃ခုနှစ် မတ်လတုန်းက ရွာမအလယ်ရပ်ကွက် အင်းစိန်အကျဉ်းထောင်အနောက်ဘက်ဂိတ်အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်