အင်းစိန်မြို့နယ် စစ်ကောင်စီ စုပေါင်းရုံးအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် လုံခြုံရေးတင်းကြပ်နေ

၂၆၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီ စုပေါင်းရုံးအနီးမှာ အောက်တိုဘာလ ၂၅ ရက်မနေ့ညက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာဟာ အင်းစိန် ပြည်သူ့ဆေးရုံကြီးနဲ့ စစ်ကောင်စီ စုပေါင်းရုံး အကြားမှာဖြစ်ပြီး လူထိခိုက်မှုမရှိခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေက ဒီကနေ့ မနက်အထိ လုံခြုံရေးယူထားပြီး စစ်ဆေးရေးလုပ်ဆောင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

“ညဘက်မှာ အသံတော်တော်ကျယ်တယ်။ ပေါက်ကွဲတာလေ၊ ဗုံးပေါက်တာပဲထင်တယ်။ အဲအသံကြားပြီး သိပ်မကြာဘူး၊ စစ်သားတွေရောက်လာပြီး လုံခြုံရေးတွေယူပြီး စစ်နေတာ၊ ဒီနေ့မနက်အထိပဲ။ ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ အင်းစိန်မြို့ခံတစ်ဦးက ပြောပါတယ်။

အင်းစိန်မြို့နယ် စစ်ကောင်စီ စုပေါင်းရုံးဟာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ရုံးဖွင့်ထားတဲ့ နေရာလည်းဖြစ်ပါတယ်။

၂၀၂၃ခုနှစ် မတ်လတုန်းက ရွာမအလယ်ရပ်ကွက် အင်းစိန်အကျဉ်းထောင်အနောက်ဘက်ဂိတ်အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်