အမတ်လောင်း ၈၆ ဦးကို ကိုယ်စားလှယ်လောင်း စာရင်းကနေ UEC ပယ်ဖျက်

အောက်တိုဘာ ၂၆၊ ၂၀၂၅
Zalen

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ စာရင်းပေးသွင်းထားသူ အမတ်လောင်း ၈၆ ဦးကို ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းနေတာကြောင့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကနေ ပယ်ဖျက်ခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင် (UEC) က ပြောပါတယ်။

အဲဒီထဲမှာ ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော် အနိုင်ရအကုန်ယူစနစ် (FPTP) မဲဆန္ဒနယ် အမှတ် ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်လည်း ပါ၀င်နေပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒအလိုက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း ၅,၀၂၃ ဦးအထိ ရှိနေခဲ့ပြီး ၈၆ ဦးကိုတော့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်မှုမရှိလို့ပယ်ဖျက်ခဲ့တာဖြစ်တယ်လို့ UEC က ပြောပါတယ်။

ဒေါ်သက်သက်ခိုင်ဟာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်တွေ ငြိစွန်းတာကြောင့် ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ခဲ့တာဖြစ်ပြီး အယူခံတင်သွင်းမယ့် ကာလစည်းကမ်းသတ်မှတ်ချက်ကိုလည်း ကျော်လွန်ပြီးဖြစ်တာကြောင့်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ဃ) ကတော့ ‘နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များကင်းရှင်းသူ’ ဆိုပြီး ပြဋ္ဌာန်းထားတာပါ။

ဒေါ်သက်သက်ခိုင်အနေနဲ့ ကမ္ဘောဇဘဏ်ထံမှ ချေးငွေ ကျပ် ဘီလီယံ ၁၀၀ ကျော် အကြွေးတင် ချေးငွေရယူထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။


Mary

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်