အိန္ဒိယနိုင်ငံတွင် မတူပီလွှတ်တော်ကိုယ်စားလှယ်အပါအဝင် လူ ၅ ဦးကို သေနတ်၊ သိန်း ၁၀၀၀ ကျော်နဲ့အတူဖမ်းဆီးခံရ

ချင်းပြည်နယ်၊ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်းအပါအဝင် မြန်မာနိုင်ငံသား ၅ ဦးကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်တွင် သေနတ်နဲ့အတူ မတ်လ ၁၄ ရက်က အာသံရိုင်ဖယ်တပ်က ဖမ်းဆီးကြတယ်လို့သတင်းရရှိပါတယ်။

၎င်းတို့ဟာ မြန်မာပြည်ဘက်သို့သွားနေစဉ်လမ်းခရီးမှာ ပစ္စတို ၁ လက်၊ ရိုင်ဖယ် ၁ လက်၊ ၃၁.၅ ရိုငယ်ဖယ်ကျည်ဆံတွေနဲ့ ရူပီး သိန်း ၆၁ (မြန်မာငွေ သိန်း ၁၄၀၀ ကျော်)နဲ့အတူဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဦးပါထန်းဟာ NLD ပါတီကနေ ၂၀၁၅-၂၀၂၀ ခုနှစ်တွင် မတူပီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရပါတယ်။

Zalen ad

Zawgyi

အိႏၵိယႏိုင္ငံတြင္ မတူပီလႊတ္ေတာ္ကိုယ္စားလွယ္အပါအဝင္ လူ ၅ ဦးကို ေသနတ္၊ သိန္း ၁၀၀၀ ေက်ာ္နဲ႔အတူဖမ္းဆီးခံရ

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးပါထန္းအပါအဝင္ ျမန္မာႏိုင္ငံသား ၅ ဦးကို အိႏိၵယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္ ေလာင္တလုိင္ခရိုင္တြင္ ေသနတ္နဲ႔အတူ မတ္လ ၁၄ ရက္က အာသံရိုင္ဖယ္တပ္က ဖမ္းဆီးၾကတယ္လုိ႔သတင္းရရွိပါတယ္။

၄င္းတို႔ဟာ ျမန္မာျပည္ဘက္သို႔သြားေနစဥ္လမ္းခရီးမွာ ပစၥတုိ ၁ လက္၊ ရိုင္ဖယ္ ၁ လက္၊ ၃၁.၅ ရိုငယ္ဖယ္က်ည္ဆံေတြနဲ႔ ရူပီး သိန္း ၆၁ (ျမန္မာငေြ သိန္း ၁၄၀၀ ေက်ာ္)နဲ႔အတူဖမ္းဆီးခံရတာျဖစ္ပါတယ္။

ဦးပါထန္းဟာ NLD ပါတီကေန ၂၀၁၅-၂၀၂၀ ခုႏွစ္တြင္ မတူပီၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ျပည္နယ္အမွတ္ (၁) လႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္ေရြးခ်ယ္ခံရပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်