အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်တွေအတွက် ရန်ပုံငွေ ကျပ်သိန်း ၁၇၀၀ ကျော်ရရှိ

အိန္ဒိယနိုင်ငံ မီဇိုရမ်ရဲ့အကြီးဆုံး TV Channels ၂ ခုဖြစ်တဲ့ LPS နဲ့ Zonet တို့ပူးပေါင်းပြီး အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေအတွက် ရန်ပုံငွေရှိုးပွဲ မနေ့ညက ကျင်းပရာ စေတနာရှင်ပြည်သူတွေထံမှအလှူငွေ ရူးပီး (၉၆)သိန်းကျော်ရရှိကြောင်းသတင်းရရှိပါတယ်။

ယင်းရှိုးပွဲကို မြန်မာပြည်မှ Benjamin Sum အပါအဝင် မီဇိုအဆိုတော် (၁၅)ဦးက အိန္ဒိယစံတော်ချိန် (၈)နာရီ (မြန်မာစံတော်ချိန် ၉ နာရီ)တွင်ကျင်းပခဲ့ပါတယ်။

သီဆိုဖျော်ဖြေတဲ့သူတွေကတော့ Vanlalsailova, Laduhsaki, Rosy Remsangpuii, Sangteii Khuptong, Jonathan Lianhna, Young Fella, Mazuali K, Maruati, Hlimhlimi, One in Christ, Fiona Pachuau, Jerry Lalrinawma, Jaui , Kimkima နဲ့ Benjamin Sum နဲ့ အခြားအနုပညာသမားတွေလည်းပါဝင်ကြပါတယ်။

ဒါပြင် WBC World Youth Boxing Champion Lalrinsanga Tlau နဲ့ Miss Mizoram 2017 Rody Vanlalhriatpuii တို့ကလည်း လာရောက်အားဖြည့်ပေးပါတယ်။

လက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာပြည်မှတိမ်းရှောင်သူ တစ်ထောင်နီးပါးရှိပါတယ်။ အိန္ဒိယအစိုးရက မြန်မာဘက်မှတိမ်းရှောင်သူတွေလက်မခံဖို့၊ မြန်မာပြည်သို့ပြန်လည်နှင်ထုတ်ဖို့ ညွှန်ကြားထားပေမယ့် မီဇိုရမ်အစိုးရနဲ့ ပြည်သူတွေက လက်မခံပေ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်