ဧဝံဂေလိတရားဟောဆရာကို မုဒိမ်းမှုအပါအဝင် ပုဒ်မ လေးခုနဲ့တရားစွဲလိုက်ပြီ

သက်ငယ်မိန်းကလေးနှစ်ဦးကို မုဒိမ်းပြုကျင့်တယ်လို့စွပ်စွဲထားတဲ့ ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@Lar Boih ကို ဒီကနေ့ ကလေးခရိုင်တရားရုံးက မုဒိမ်းမှုအပါအဝင် ပုဒ်မလေးခုနဲ့ တရားစွဲတင်လိုက်ပြီလို့သိရတယ်။

ဧဝံဂေလိတရားဟောဆရာကို တရားစွဲတင်လိုက်တဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၂၃(နာကျင်စေမှု)၊ ၅၀၆(ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁(အားထုတ်မှု) တို့ဖြစ်ပါတယ်။ ပုဒ်မ ၃၇၆(မုဒိမ်းမှု)ဟာ အမြင့်ဆုံး ထောင်ဒဏ်နှစ်(၂၀)ထိချမှတ်နိုင်တယ်။

Evan. S Lar Boih

“နောက်ရုံးချိန်းကျရင် တရားခံရော၊ တရားလိုရော စစ်ဆေးမယ်။ ဒီနေ့တရားစွဲတင်တာပဲဖြစ်တယ်” လို့တာဟန်းရဲစခန်းတာဝန်ရှိသူကဆိုပါတယ်။

ကလေးမြို့နယ် လက်ပံချောင်းရွာမှာနေထိုင်တဲ့ ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@ Lar Boih ဟာ ဖလမ်းမြို့နယ်ကနေ ၎င်းတို့နေအိမ်မှာလာရောက်နေထိုင်တဲ့ မိုင်….(၁၅နှစ်)ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်….(၁၄နှစ်)ကို ၂၀၁၈ ခုနှစ် ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်တယ်လို့ဆိုကာ ဧပြီလ(၁၃)ရက်တွင် ကလေးမိဘတွေကိုယ်တိုင်က တာဟန်းရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ နောက်ထပ်ရုံးချိန်းကတော့ မေလ (၂၅)ရက်ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းများ

ဒီညကစပြီး လောင်တလိုင်ခရိုင်ကနေ မြန်မာဘက်သို့ကုန်တင်ကား အဝင်အထွက်ပိတ်မယ်လို့ CYLA အသိပေး

၂၅၊မေလ ၊၂၀၂၄ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ထဲကို အခြေခံစားသောက်ကုန်များ အပါအဝင် တစ်ခြားသောပစ္စည်းများကို သယ်ယူပို့ဆောင်လျက်ရှိတဲ့ ကားသမားများအနေနဲ့ ဒီကနေ့ မေလ ၂၅ ရက် ည ၁၂ ...

ဆက်ဖတ်ရန်