အောက်ချင်းငှက်ရုပ်ပုံပါတဲ့ ချင်းရိုးရာ ထဘီ (၁၀)ထည် ဖမ်းဆီးမီးရှို့

ချင်းရိုးရာ ထဘီ အပေါ် အောက်ချင်းငှက်ရုပ်ပါတဲ့ ထဘီ(၁၀)ထည်ကို  ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာမှာ ကမ္ဘာလုံးဆိုင်ရာ ချင်းအမျိုးသားရေးနှင့် ချင်းရိုးရာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက စက်တင်ဘာ(၅)ရက်မှာ မီးရှို့လိုက်ပါတယ်။

ဖြစ်စဉ်မှာ နမ့်မှော်ကျေးရွာမှာ မခင်စောထွေးက ချင်းရိုးရာအထည်ရောင်းဝယ်ဖောက်ကားတဲ့ ထဘီပေါ် အောက်ချင်းငှက်ရုပ်ပုံပါတဲ့ အထည်တွေကို ဖမ်းဆီးပြီး မီးရှို့တာဖြစ်ပါတယ်။ နောက်နောင်မှာလည်း အောက်ချင်းငှက်ပါတဲ့ ချင်းရိုးရာထဘီ ရောင်းဝယ်ခြင်းမပြုလုပ်ဖို့၊ ရောင်းဝယ်ဖောက်ကားမှုတွေ့ရှိပါက အမျိုးသားရေးထိပါးစော်ကားမှုအဖြစ် ကမ္ဘာလုံးဆိုင်ရာ ချင်းအမျိုးသားရေးနှင့် ချင်းရိုးရာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက ထိထိရောက်ရောက်အရေးယူမယ်လို့ခံဝန်ကတိရေးထိုးစေတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာမှာ အောက်ချင်းငှက်ရုပ်ပုံပါတဲ့ ချင်းထဘီ(၁၀)ထည်ကို မီးရှို့ကြစဉ်(ဓာတ်ပုံ- Salai Ling Htun Aung Chin)

Zalen ad

ယင်းကိစ္စနဲ့ပတ်သက်ပြီး ဖားကန့်မြို့က ကမ္ဘာလုံးဆိုင်ရာ ချင်းအမျိုးသားရေးနှင့် ချင်းရိုးရာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဝင် ဆလိုင်းအွမ်နိုင်းက “အထည်ရဲ့တန်ဖိုးတစ်ဝက်ပေးတယ်။  နောက်နောင် ပြန်မရောင်းဖို့ လက်မှတ်ထိုးခိုင်းတယ်။ နားလည်အောင်လည်းရှင်းပြတယ်။ သူယူတဲ့ဖောက်သည်ဆိုင်ကိုလည်း ဖုန်းဆက်ပြီး ပြန်မရောင်ဖို့နှုတ်ကတိခံခိုင်းတယ်”လို့ဆိုပါတယ်။

 

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်