ပြည်ခိုင်ဖြိုးပါတီအမတ်ဟောင်းက ကန်ပက်လက်မြို့မှာ ကြားဖြတ်ရွေးကောက်ပွဲယှဉ်ပြိုင်မယ်

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်နေရာကို ပြည်ခိုင်ဖြိုးပါတီကိုယ်စား ဦးမနားနိုင်း(၆၂ နှစ်)က ဝင်ရောက်ယှဉ်ပြိုင်မယလို့ ဇူလိုင်လ(၁၁)ရက်နေ့က ပြည်ခိုင်ဖြိုးပါတီကထုတ်ပြန်ထားပါတယ်။

ဦးမနားနိုင်းဟာ ၂၀၁၀-၁၅ ခုနှစ် ကန်ပက်လက်မြို့နယ် အမျိုးသားလွှတ်တော်အမတ်ဟောင်း၊ ၂၀၁၅ ခုနှစ် ထပ်မံ၍ကန်ပက်လက်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်အရွေးခံသော်လည်း ရှုံးနိမ့်သွားပါတယ်။

သူဟာ B.Ed ဘွဲ့ရရှိထားပြီး အထက်တန်းပြဆရာနဲ့ ၂၀၀၉ ခုနှစ်မှာ ပင်ဆင်ယူပါတယ်။ လက်ရှိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌတာဝန်ယူထားသူပါ။

ဦးမနားနိုင်းက “စည်းရုံးရေးကတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေပါ။ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရကြား ချိတ်ဆက်ပြီးလုပ်နိုင်တဲ့ အတိုင်းအတာတွင်းကြိုးစားပြီးလုပ်ဆောင်နိုင်ဖို့ရည်ရွယ်ထားပါတယ်”လို့ပြောပါတယ်။

အရင်က ပြည်ခိုင်ဖြိုးပါတီ ဗဟိုဘက်ကပြောကြားချက်ထဲမှာ ပြည်နယ်တွေမှာတိုင်းရင်းသားပါတီတွေ နေရာဖယ်ပေးမယ်လို့ပြောကြားချက်နဲ့ပတ်က်ပြီး ပြည်ခိုင်ဖြိုးပါတီဗဟိုကေ်ာမတီဝင်တစ်ဦးက “တိုင်းရင်းသားဒေသမှာ ပြည်နယ်လွှတ်တော်နေရာ ဖယ်ပေးတာပါ”လို့ပြောပါတယ်။

ချင်းပြည်နယ်မှာ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်နေရာကို ပြည်ခိုင်ဖြိုး၊ NLD, CNDP, CPP တို့က ဝင်ရောက်ယှပြိုင်မှာဖြစ်ပြီး မတူပီမြို့နယ် ပြည်နယ်လွှတ်တော် လစ်လပ်နေရာကို NLD နဲ့ CLD တို့ယှဉ်ပြိုင်မယ်။

နောက်ဆုံးရသတင်းများ

နိုင်ငံတကာကနေ ငလျင်ဘေးအတွက် အကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထား

၁၅၊ ဧပြီ၊ ၂၀၂၅ Zalen နိုင်ငံတကာကကနေ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီဖြစ်တယ်လို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် နိုင်ငံ ၂၄ နိုင်ငံက အထောက်အပံ့ ...

ဆက်ဖတ်ရန်