၂၀၂၂ တွင် သဘာဝဘေးအန္တရာယ်ကြောင့် စီးပွားရေးဆုံးရှုံးမှု ကန်ဒေါ်လာ ၃၁၃ လီဘီလီယံရှိခဲ့

AON.N ၏ ခန့်မှန်းချက်အရ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်ကြောင့် ၂၀၂၂ ခုနှစ် နိုင်ငံတကာတွင် စီးပွားရေးဆုံးရှုံးမှု ကန်ဒေါ်လာ ၃၁၃ ဘီလီယံအထိရှိခဲ့ကြောင်း ထိုထဲတွင် ထက်ဝက်ထက်နည်းသော ဆုံးရှုံးမှုသာ အာမခံရှိကြောင်း ဆိုပါတယ်။

အာမခံကဏ္ဍဟာ သဘာဝဘေးအန္တရာယ်ကြောင့် လျှော်ကြေးပေါင်း ကန်ဒေါ်လာ ၁၃၂ ဘီလီယံအထိ ပေးခဲ့ရပြီး ၂၁ ရာစု ပျမ်းမျှပမာဏထက် ၅၇ ရာခိုင်နှုန်းပိုများကြောင်း ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ရေကြီးမှုနှင့် ဟာရီးကိန်းအစရှိသော ဘေးအန္တရာယ်များကလည်း ဖြစ်ပွားမှု မြင့်တက်လာပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းပျမ်းမျှ ၃၉၆ ခုသာဖြစ်ပွားရာကနေ ခုတော့ ၄၂၁ ခုအထိဖြစ်ပွားလာကြောင်း ဆိုပါတယ်။

အစီရင်ခံစာတွင် ထုတ်ပြန်ချက်အရ နိုင်ငံတကာတွင်ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှု ၇၅ ရာခိုင်နှုန်းဟာ အမေရိကန်နိုင်ငံတွင် ဟာရီကင်းအီရန်ကြောင့်ဖြစ်ပြီး ထိုဟာရီကိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာလ ဖလော်ရီဒါတွင် တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ ဆုံးရှုံးမှုပေါင်း ကန်ဒေါ်လာ ၅၀ ကနေ ၅၅ ဘီလီယံအထိဖြစ်ပေါ်စေပြီး စီးပွားရေး ဆုံးရှုံးမှုပေါင်း ၉၅ ဘီလီယံဖြစ်ပေါ်စေခဲ့ပါတယ်။

၂၀၂၂ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် လူပေါင်း ၃၁,၃၀၀ ခန့်သေဆုံးခဲ့ပြီး ထိုထဲတွင် ၃ ပုံ ၂ ပုံ ဥရောပတွင် ဇွန်လကနေ ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သော အပူလှိုင်းကြောင့် ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့ မော်လိုက်အကျဥ်းထောင်တွင်း ဖြိုခွင်းခံရခြင်း(၃)နှစ်ပြည့်

ရဲဝံ့သူ ရေးသည်။ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင်အတွင်း ဖိနှိပ်မှုကို အဓိက အုပ်ချုပ်ရေးမဏ္ဏိုအဖြစ် အသုံးပြုခြင်းကြောင့် အရေးပေါ် ကိစ္စအဖြစ် ထိမ်းသိမ်းခံ အချုပ်သား ဗန်ဒိမ်း ဦးဆောင်သည့်အဖွဲ့များမှ ဆန္ဒထုတ်ဖော်မှုကြောင့် လူမဆန်စွာ ဖြိုခွင်းခံရပြီး အကျဥ်းသား ...

ဆက်ဖတ်ရန်