(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆

Zalen

Zalen ad

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အဆင့်မြင့် အစည်းအဝေး” မှာ  မြန်မာနိုင်ငံအခြေအနေများကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများ တိုးလာနေကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီးများနဲ့ မိန်းကလေးများရဲ့ လုံခြုံရေးကို ကာကွယ်ပေးရန်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အခြားအကြမ်းဖက်မှုများကို တားဆီးရန် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း တိုက်တွန်းခဲ့ပါတယ်။

အစည်းအဝေးတွင် အမျိုးသမီးများရဲ့ အခွင့်အရေးများကို ကာကွယ်ရန်၊ တရားမျှတမှုရရှိစေရန်နှင့် အကြမ်းဖက်မှုကျူးလွန်သူများအား တာဝန်ယူမှုရှိစေရန် အရေးယူဆောင်ရွက်မှုများ လိုအပ်ကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

မြန်မာစစ်အုပ်စုမှ အချိန်ကာလကြာမြင့်စွာ အကျိုးခံစားလာခဲ့သည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြီးတိုင် ချေဖျက်ရမည်ဖြစ်တယ်လို့ဆိုပါတယ်။ စစ်အုပ်စုရဲ့ နေ့စဉ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ကျူးလွန်ခွင့်မရရှိစေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ၎င်းတို့ထံ စီးဆင်းနေသည့် လက်နက်၊ ခဲယမ်းနှင့် လေယာဉ်ဆီများအပေါ် ပစ်မှတ်ထားသည့် ထိရောက်သော အရေးယူပိတ်ဆို့မှုများ ချမှတ် ဖြတ်တောက်သင့်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထို့ပြင် ပဋိပက္ခဒေသများရှိ အမျိုးသမီးများနှင့် မိန်းကလေးများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးရန်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်နိုင်ရန် လိုအပ်ကြောင်းလည်း အစည်းအဝေးတွင် ဖော်ပြခဲ့ပါတယ်။

မိုင်နွေဦး

ဓာတ်ပုံ-NUG

#NUG #CSW #ဦးကျော်မိုးထွန်း#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်း-ဟားခါးလမ်းပိုင်းရှိ Thlanrawn ကျေးရွာပြည်သူ့​နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး

မေ ၂၊၂၀၂၆Zalen ချင်းပြည်နယ်၊ ဖလမ်း–ဟားခါး ကားလမ်းပိုင်းကို စစ်ကြောင်းထိုးဖို့ ပြင်းပြင်းထန်ထန်းထိုးစစ်စင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ မေ ၁ရက်နေ့ နေ့ခင်းပိုင်းချိန်လောက်ကစပြီး Thlanrawn ရွာသစ်နဲ့ Thlanrawn ရွာဟောင်းမှာရှိတဲ့ ပြည်သူ့နေအိမ်များကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့​တယ်လို့ ဒေသသတင်းရင်းမြစ်များဆီကသိရှိရပါတယ်။ အဆိုပါ ...

ဆက်ဖတ်ရန်