မြို့နယ်(၃)ခုက မြို့နယ်အုပ်ချုပ်ရေးမှူးတွေ တာဝန်အပြောင်းအရွှေ့ပြုလုပ်

ချင်းပြည်နယ် မင်းတပ်၊ ဟားခါးနဲ့ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူးတွေကို တာဝန်အပြောင်းအရွှေ့ပြုလုပ်ထားကြောင်း သြဂုတ်လ(၃)ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ကြော်ငြာစာအမှတ်(၉၇၇/၂၀၁၈)၊ (၉၇၈/၂၀၁၈)ဖြစ်ထုတ်ပြန်ထားပါတယ်။

လက်ရှိ မင်းတပ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြာအွယ်

လက်ရှိ မင်းတပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြာအွယ်ကို ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ်သို့လည်းကောင်း၊ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်ကို မင်းတပ်မြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ်သို့လည်းကောင်း၊ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်ကို ချင်းပြည်နယ် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်သို့လည်းကောင်း၊ ဦးတင်ငြိမ်းကို ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်သို့လည်းကောင်း ပြောင်းရွှေ့တာဝန်ပေးအပ်ကြောင်း ဖော်ပြထားတယ်။

Zalen ad

လက်ရှိ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်

ယင်းကြောင့် ယနေ့မှစ (၂၁)ရက်အတွင်း မိမိတာဝန်ကျရာဒေသသို့အမြန်ပြောင်းရွှေ့ရန်လည်းဖော်ပြထားပါတယ်။

လက်ရှိ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်

 

 

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်