မြို့နယ်(၃)ခုက မြို့နယ်အုပ်ချုပ်ရေးမှူးတွေ တာဝန်အပြောင်းအရွှေ့ပြုလုပ်

ချင်းပြည်နယ် မင်းတပ်၊ ဟားခါးနဲ့ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူးတွေကို တာဝန်အပြောင်းအရွှေ့ပြုလုပ်ထားကြောင်း သြဂုတ်လ(၃)ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ကြော်ငြာစာအမှတ်(၉၇၇/၂၀၁၈)၊ (၉၇၈/၂၀၁၈)ဖြစ်ထုတ်ပြန်ထားပါတယ်။

လက်ရှိ မင်းတပ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြာအွယ်

လက်ရှိ မင်းတပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြာအွယ်ကို ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ်သို့လည်းကောင်း၊ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်ကို မင်းတပ်မြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ်သို့လည်းကောင်း၊ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်ကို ချင်းပြည်နယ် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်သို့လည်းကောင်း၊ ဦးတင်ငြိမ်းကို ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်သို့လည်းကောင်း ပြောင်းရွှေ့တာဝန်ပေးအပ်ကြောင်း ဖော်ပြထားတယ်။

လက်ရှိ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်

ယင်းကြောင့် ယနေ့မှစ (၂၁)ရက်အတွင်း မိမိတာဝန်ကျရာဒေသသို့အမြန်ပြောင်းရွှေ့ရန်လည်းဖော်ပြထားပါတယ်။

လက်ရှိ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်

 

 

နောက်ဆုံးရသတင်းများ

အယုဒ္ဓယရဲ့ နောက်ဆုံးမျိုးဆက်တွေ နှစ်ပေါင်း ၂၆၀ ကြာမှ ရောက်ရှိခဲ့တဲ့ အိမ်ပြန်ခရီး

အောက်တိုဘာ ၁၈၊ ၂၀၂၅ Zalen ယိုးဒယား-မြန်မာစစ်ပွဲအတွင်း အင်းဝကို စစ်သုံ့ပန်းအဖြစ်ခေါ်ဆောင်ခံရတဲ့ အယုဒ္ဓယတို့ရဲ့ မျိုးဆက် ခုနှစ်ခုမြောက် နောက်ဆုံး လက်ကျန် မျိုးဆက်တွေဟာ အယုဒ္ဓယကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာပါတယ်။ အယုဒ္ဓယသားတို့ရဲ့ မျိုးဆက်တွေ ...

ဆက်ဖတ်ရန်