ကလေးမြို့ကနေချင်းတောင်သို့တက်တဲ့ ၉ မိုင်ဂိတ်မှာစကစတွေက အိမ်စီးကားတွေကိုတားဆီး

ကလေးမြို့နဲ့ ချင်းပြည်နယ်အစပ် ၉ မိုင်ဂိတ်မှာ ဒီနေ့ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက အရပ်သားပြည်သူတွေအသုံးပြုတဲ့ကား နဲ့ ဆိုင်ကယ်တွေကို ရပ်တန့်ခိုင်းတယ်လို့သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်သား အချို့ဟာ ခြေလျင်နဲ့ ချင်းတောင်သို့ တက်သွားကြတယ်လို့သိရတယ်။ ကလေးမြို့ဘက်ကနေလည်း ဗိုလ်ချုပ်လမ်းအတိုင်း ချင်းတောင်ဘက်သို့ စစ်ကောင်စီတပ်ကား ၆ စီး ဒီမနက် တက်သွားတယ်လို့သိရတယ်။

မနေ့ ဇန်နဝါရီလ ၁၁ ရက်ည ၈ နာရီလောက်က တီးတိန်မြို့ထဲမှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက သေနတ် အကြိမ် ၁၀၀ လောက်ရမ်းသမ်းပစ်ခတ်ကြပါတယ်။ ပြီးတော့ ကနေဒီတောင်ထိပ်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ PDF-Zoland တွေ ၃ ရက်ခြားတိုက်ပွဲဖြစ်ပွားကြပါတယ်။

မနေ့ ဇန်နဝါရီလ ၁၁ ရက်ကလည်း နတ်ချောင်းအထက်ပိုင်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဝေဘူလမြို့အနီးမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ CNDF တပ်တို့တိုက်ပွဲဖြစ်ပွားကြပါတယ်။

Zalen ad

Zawgyi

ကေလးၿမိဳ႕ကေနခ်င္းေတာင္သို႔တက္တဲ့ ၉ မိုင္ဂိတ္မွာစကစေတြက အိမ္စီးကားေတြကိုတားဆီး

ကေလးၿမိဳ႕နဲ႔ ခ်င္းျပည္နယ္အစပ္ ၉ မိုင္ဂိတ္မွာ ဒီေန႔ ဇန္နဝါရီ ၁၂ ရက္ မနက္ပိုင္းက အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြက အရပ္သားျပည္သူေတြအသုံးျပဳတဲ့ကား နဲ႔ ဆိုင္ကယ္ေတြကို ရပ္တန႔္ခိုင္းတယ္လို႔သတင္းရရွိပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္သား အခ်ိဳ႕ဟာ ေျခလ်င္နဲ႔ ခ်င္းေတာင္သို႔ တက္သြားၾကတယ္လို႔သိရတယ္။ ကေလးၿမိဳ႕ဘက္ကေနလည္း ဗိုလ္ခ်ဳပ္လမ္းအတိုင္း ခ်င္းေတာင္ဘက္သို႔ စစ္ေကာင္စီတပ္ကား ၆ စီး ဒီမနက္ တက္သြားတယ္လို႔သိရတယ္။

မေန႔ ဇန္နဝါရီလ ၁၁ ရက္ည ၈ နာရီေလာက္က တီးတိန္ၿမိဳ႕ထဲမွာ အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြက ေသနတ္ အႀကိမ္ ၁၀၀ ေလာက္ရမ္းသမ္းပစ္ခတ္ၾကပါတယ္။ ၿပီးေတာ့ ကေနဒီေတာင္ထိပ္မွာ တပ္စြဲထားတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ေတြနဲ႔ PDF-Zoland ေတြ ၃ ရက္ျခားတိုက္ပြဲျဖစ္ပြားၾကပါတယ္။

မေန႔ ဇန္နဝါရီလ ၁၁ ရက္ကလည္း နတ္ေခ်ာင္းအထက္ပိုင္း ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ ေဝဘူလၿမိဳ႕အနီးမွာ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ CNDF တပ္တို႔တိုက္ပြဲျဖစ္ပြားၾကပါတယ္။

 

နောက်ဆုံးရသတင်းများ

KDDI နှင့် Sumitomo တို့ MPT နဲ့ ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်ရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

ဇွန် ၂၊ ၂၀၂၆ Zalen ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီကြီးများဖြစ်သည့် KDDI Corporation နှင့် Sumitomo Corporation တို့အနေဖြင့် မြန်မာစစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို အဆုံးသတ်ပြီး မြန်မာနိုင်ငံမှ ...

ဆက်ဖတ်ရန်