ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က လယ်ယာသုံးပစ္စည်းတွေဖျက်ဆီးပြီး ကြက်နဲ့ ပိုက်ဆံလုယူသွား

ကလေးမြို့နယ် မြစ်သာမြစ်အရှေ့ဘက်ကမ်းကျေးရွာများသို့ စစ်ကောင်စီအဖွဲ့ စစ်သားနဲ့ ရဲတွေက ဧပြီလ (၂၉)ရက်တွင်သွားရောက်ပြီး တောင်သူတွေရဲ့ လယ်ယာသုံးပစ္စည်းတွေ ဖျက်ဆီးကာ၊ ကြက်နဲ့ ပိုက်ဆံအနည်းငယ်လုယူသွားတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။
ကလေးမြို့၊ အောင်မေတ္တာရပ်ကွက်သို့ စစ်ကားအများအပြားနဲ့ရောက်လာပြီး လှေနဲ့ မြစ်သာမြစ်ကူးကာ နေ့လည်တစ်နာရီခန့်က ခြေကျင်နဲ့သွားတယ်လို့မျက်မြင်တွေ့သူတွေကပြောပါတယ်။

မြစ်သာမြစ်အရှေ့ကမ်းရှိ တဲတွေကိုလဲ အင်အားခြောက်ဆယ်ခန့်နဲ့ပိုက်စိပ်တိုက်ရှာဖွေတာတွေလုပ်တယ်ကာ လယ်ထွန်စက် တစ်စီး၊ ရေစုပ်စက် တစ်လုံး၊ ဆိုလာပြား ၂ ခု၊ နွားလှည်းတစ်စီးဖျက်ဆီးကြပြီး တဲမှာမွေးထားတဲ့ ကြက်တွေယူဆောင်သွားပြီး ပိုက်ဆံအနည်းငယ်လုယူသွားတယ်
လို့ ဒေသခံတွေကပြောပါတယ်။

ဒါကြောင့် အနီးနားက ရွာသားတွေ ရွာထဲမှာ မနေရဲကြတော့ဘဲ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ ဒီချိန်ဟာ နေကြာသိမ်းတဲ့ကာလဖြစ်ပေမယ့် ရွာသားတွေဟာ နေကြာယူမယ့်သူလည်းမရှိကြပေ။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်