ကလေးမြို့တွင် ရောဂါအခံရှိသူ ကိုဗစ်လူနာ အမျိုးသမီးထပ်မံသေဆုံး

ကလေးမြို့တွင် ဖျားနာလို့ ဆေးရုံလာပြရင်းရောဂါစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ အမျိုးသမီးတစ်ဦးဟာ ဒီမနက် ၁ နာရီခွဲက ဆေးရုံတွင်သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

၎င်းအမျိုးသမီးဟာာ ညောင်ပင်သာရပ်ကွက်၊ နယ်မြေ ၅ က အသက် ၂၆ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။

ကလေးမြို့ ကိုဗစ်-၁၉ ကော်မတီပြောရေးဆိုခွင့်ရှိသူ ကိုသန့်စင်က “သူက ဒီလ (၁၈)ရက်မှာ ဆေးရုံစတက်တာ။ ဖျားတယ်ဆိုပြီး ပြည်သူ့ဆေးရုံပြင်ပလူနာဌာနမှာ လာပြရင်း သံသယရှိလို့ ရောဂါစစ်ဆေးရာကနေ ကိုဗစ်ပိုးတွေ့ရှိတာပါ။ သူက contact တော့မရှိဘူး” လို့ပြောပါတယ်။

လက်ရှိကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ (၁၁)ယောက်ရှိပါပြီ။ အများစုက အသက်ကြီးပိုင်း ရောဂါအခံရှိသူများဖြစ်ပြီး အသက်ငယ်ပိုင်းရောဂါအခံရှိသူတွေထဲ သေဆုံးသူက အနည်းငယ်သာရှိပါတယ်။

(Zawgyi)

ကေလးၿမိဳ႕တြင္ ေရာဂါအခံရွိသူ ကိုဗစ္လူနာ အမ်ဳိးသမီးထပ္မံေသဆံုး
ကေလးၿမိဳ႕တြင္ ဖ်ားနာလို႔ ေဆးရံုလာျပရင္းေရာဂါစစ္ေဆးရာ ကိုဗစ္-၁၉ ေရာဂါေတြ႔ရွိသူ အမ်ဳိးသမီးတစ္ဦးဟာ ဒီမနက္ ၁ နာရီခြဲက ေဆးရံုတြင္ေသဆံုးသြားတယ္လုိ႔ သတင္းရရွိပါတယ္။

၄င္းအမ်ဳိးသမီးဟာာ ေညာင္ပင္သာရပ္ကြက္၊ နယ္ေျမ ၅ က အသက္ ၂၆ ႏွစ္အရြယ္ အမ်ဳိးသမီးျဖစ္ပါတယ္။

ကေလးၿမိဳ႕ ကိုဗစ္-၁၉ ေကာ္မတီေျပာေရးဆိုခြင့္ရွိသူ ကိုသန္႔စင္က “သူက ဒီလ (၁၈)ရက္မွာ ေဆးရံုစတက္တာ။ ဖ်ားတယ္ဆိုၿပီး ျပည္သူ႔ေဆးရံုျပင္ပလူနာဌာနမွာ လာျပရင္း သံသယရွိလို႔ ေရာဂါစစ္ေဆးရာကေန ကိုဗစ္ပိုးေတြ႔ရွိတာပါ။ သူက contact ေတာ့မရွိဘူး” လို႔ေျပာပါတယ္။

လက္ရွိကေလးၿမိဳ႕တြင္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆံုးသူ (၁၁)ေယာက္ရွိပါၿပီ။ အမ်ားစုက အသက္ၾကီးပိုင္း ေရာဂါအခံရွိသူမ်ားျဖစ္ၿပီး အသက္ငယ္ပိုင္းေရာဂါအခံရွိသူေတြထဲ ေသဆံုးသူက အနည္းငယ္သာရွိပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်