ကလေးမြို့တွင် Stay at Home ကာလစည်းကမ်းမလိုက်နာဘဲ ဆိုင်ဖွင့်သူ ၅၉ ဆိုင်အရေးယူခံရ

ကလေးမြို့အတွင်း Stay at Home ကာလသတ်မှတ်ထားတဲ့အချိန်အတွင်း စည်းကမ်းမလိုက်နာဘဲ ဆိုင်ဖွင့်သူ ၅၉ ဆိုင်ကို မြို့နယ်အာဏာပိုင်တွေက အရေးယူထားတယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့ကို ဒီဇင်ဘာလ (၁၄)ရက်မှ (၂၄)ရက်အထိ Stay at Home ကာလသတ်မှတ်ထားပြီး ယင်းအချိန်အတွင်း တိုင်းအစိုးရသတ်မှတ်ထားတဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ ဘဏ်၊ ဈေး၊ သောက်ရေသန့်၊ ဓာတ်ဆီဆိုင်၊ ဆက်သွယ်ရေးများမှအပ ဈေးမရောင်းရန်တားမြစ်ထားပါတယ်။

ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျူံးလျန်ထန်က “ကျနော်တို့က mobile team ဖွဲ့ပြီးတော့ မြို့ထဲမှာ စည်းကမ်းမလိုက်နာဘဲ ဆိုင်ဖွင့်တဲ့သူတွေကိုစစ်ဆေးပါတယ်။ စည်းကမ်းဖျောက်ဖျက်ပြီးဈေးရောင်းနေတဲ့ ဈေးဆိုင် ၅၉ ဆိုင်ရှိပါတယ်။ သူတို့ကို ဒီမနက် ကျနော်တို့ရုံးမှာခေါ်ပြီးတော့ ကိုဗစ်ရောဂါကုသဖို့အတွက် တစ်ရက်ကို အောက်ဆီဂျင်ဗူး ၆၀ ကုန်ပါတယ်။ ဆေးရုံကလုပ်ပေးနိုင်တာ ဗူး ၂၀ လောက်ရှိပါတယ်။ အဲ့ဒါကို ဆိုင်ဖွင့်တဲ့လူတွေက အရေးတော့မယူပါနဲ့။ လိုအပ်တဲ့ အောက်ဆီဂျင်ဗူးလေးတွေကို မျှပြီးမှလှူဒါန်းပါမယ်လို့ အဲ့လိုသဘောနဲ့ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့က အောက်ဆီဂျင်ဗူးလှူတဲ့ဆိုင်တိုင်းကို ဆိုင်ဖွင့်ပေးတာမဟုတ်ပါဘူး။ ဒီနေ့မှာအချို့ဆိုင်ကတော့ အောက်ဆီဂျင် ၂ ဗူးလှူတာတို့၊ ၃ ဗူးလှူတာတို့ရှိပါတယ်” လို့ပြောပါတယ်။

အောက်ဆီဂျင်တစ်ဗူးဟာ ၁၂၀၀၀၀ ကျပ်ဖြစ်ပြီး လက်ရှိကလေးမြို့တွင် ကိုဗစ်ရောဂါလူနာ ၆၂ ဦးရှိပြီး လူနာစုစုပေါင်း ၃၀၀ ကျော်ရှိပါတယ်။

(Zawgyi)

ကေလးၿမိဳ႕တြင္ Stay at Home ကာလစည္းကမ္းမလုိက္နာဘဲ ဆုိင္ဖြင့္သူ ၅၉ ဆုိင္အေရးယူခံရ

ကေလးၿမိဳ႕အတြင္း Stay at Home ကာလသတ္မွတ္ထားတဲ့အခ်ိန္အတြင္း စည္းကမ္းမလိုက္နာဘဲ ဆုိင္ဖြင့္သူ ၅၉ ဆုိင္ကို ၿမိဳ႕နယ္အာဏာပိုင္ေတြက အေရးယူထားတယ္လို႔သတင္းရရွိပါတယ္။

ကေလးၿမိဳ႕ကို ဒီဇင္ဘာလ (၁၄)ရက္မွ (၂၄)ရက္အထိ Stay at Home ကာလသတ္မွတ္ထားၿပီး ယင္းအခ်ိန္အတြင္း တုိင္းအစိုးရသတ္မွတ္ထားတဲ့ အမ်ားျပည္သူနဲ႔သက္ဆုိင္တဲ့ ဘဏ္၊ ေစ်း၊ ေသာက္ေရသန္႔၊ ဓာတ္ဆီဆိုင္၊ ဆက္သြယ္ေရးမ်ားမွအပ ေစ်းမေရာင္းရန္တားျမစ္ထားပါတယ္။

ကေလးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးက်ဴံးလ်န္ထန္က “က်ေနာ္တုိ႔က mobile team ဖြဲ႔ၿပီးေတာ့ ၿမိဳ႕ထဲမွာ စည္းကမ္းမလိုက္နာဘဲ ဆိုင္ဖြင့္တဲ့သူေတြကိုစစ္ေဆးပါတယ္။ စည္းကမ္းေဖ်ာက္ဖ်က္ၿပီးေစ်းေရာင္းေနတဲ့ ေစ်းဆိုင္ ၅၉ ဆုိင္ရွိပါတယ္။ သူတို႔ကို ဒီမနက္ က်ေနာ္တို႔ရံုးမွာေခၚၿပီးေတာ့ ကိုဗစ္ေရာဂါကုသဖို႔အတြက္ တစ္ရက္ကို ေအာက္ဆီဂ်င္ဗူး ၆၀ ကုန္ပါတယ္။ ေဆးရံုကလုပ္ေပးႏိုင္တာ ဗူး ၂၀ ေလာက္ရွိပါတယ္။ အဲ့ဒါကို ဆုိင္ဖြင့္တဲ့လူေတြက အေရးေတာ့မယူပါနဲ႔။ လိုအပ္တဲ့ ေအာက္ဆီဂ်င္ဗူးေလးေတြကို မွ်ၿပီးမွလွဴဒါန္းပါမယ္လို႔ အဲ့လိုသေဘာနဲ႔ေျပာပါတယ္။ ဒါေပမယ့္ က်ေနာ္တုိ႔က ေအာက္ဆီဂ်င္ဗူးလွဴတဲ့ဆုိင္တုိင္းကို ဆိုင္ဖြင့္ေပးတာမဟုတ္ပါဘူး။ ဒီေန႔မွာအခ်ဳိ႕ဆိုင္ကေတာ့ ေအာက္ဆီဂ်င္ ၂ ဗူးလွဴတာတို႔၊ ၃ ဗူးလွဴတာတုိ႔ရွိပါတယ္” လို႔ေျပာပါတယ္။

ေအာက္ဆီဂ်င္တစ္ဗူးဟာ ၁၂၀၀၀၀ က်ပ္ျဖစ္ၿပီး လက္ရွိကေလးၿမိဳ႕တြင္ ကိုဗစ္ေရာဂါလူနာ ၆၂ ဦးရွိၿပီး လူနာစုစုေပါင္း ၃၀၀ ေက်ာ္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်