ကလေးမြို့နယ်တွင် လက်နက်နဲ့ စကားပြောစက် ၆ လုံးဖမ်းဆီးရမိ

ကလေးမြို့နယ် လက်ပံချောင်းကျေးရွာနေ ဦးမင်းထန်ဇားဝါ (၄၁ နှစ်)ရဲ့ နေအိမ်မှာ လက်နက် (၆)လက် နဲ့ လမ်းလျှောက်စကားပြောစက် ၆ လုံးကို သြဂုတ်လ ၄ ရက်နေ့ညနေပိုင်းတွင် ကလေးခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပါတယ်။

ခရိုင်ရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးသတင်းအရ ဦးမင်းထန်ဇားဝါ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးတစ်စုံတစ်ရာရှာဖွေတွေ့ရှိခြင်းမရှိဘဲ အိပ်ခန်းအတွင်းရှိ အိမ်သာမျက်နှာကျက်ပေါ်မှ ပွိုင့် ၂၂ သေနတ်အရှည် ၁ လက် (စနိုက်ပါတပ်လျက်)၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၁၁ တောင့်၊ နှစ်လုံးပြူးပြောင်းရှည် ၁ လက်၊ ၎င်းကျည် ၃၉ တောင့်၊ လေသေနတ် ၂ လက် (အတို ၁၊ အရှည် ၁)၊ လေသေနတ်ကျည် ၂၀၀၀ တောင့်၊ ဂက်(စ်) ပစ္စတို ၂ လက်၊ ဂက်(စ်)ဗူး ၈၅ ဗူူး၊ ဘောစေ့ ၈၀၀ လုံးစီပါ ၃ ဗူး၊ စနိုက်ပါမှန်ပြောင်း ၄ ခု (အတု ၁၊ အရှည် ၃)၊ မှန်ပြောင်း ၂ ခု၊ တရုတ်နိုင်ငံထုတ် လမ်းလျှောက်စကားပြောစက် ၆ လုံး၊ အားသွင်းခုံ ၄ ခု နဲ့ သေနတ်အိတ် ၄ ခုတို့အား တွေ့ရှိကြပါတယ်။

ကလေးမြို့မရဲစခန်းက ဦးမင်းထန်ဇားဝါ ကို (ပ) ၁၆၂၆/၂၀၁၉၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ) ) ၁၆၂၇/၂၀၁၉ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်ထားပါတယ်။

(Zawgyi)



ခရိုင်ရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးသတင်းအရ ဦးမင်းထန်ဇားဝါ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးတစ်စုံတစ်ရာရှာဖွေတွေ့ရှိခြင်းမရှိဘဲ အိပ်ခန်းအတွင်းရှိ အိမ်သာမျက်နှာကျက်ပေါ်မှ ပွိုင့် ၂၂ သေနတ်အရှည် ၁ လက် (စနိုက်ပါတပ်လျက်)၊ ၄င်းကျည်အိမ် ၁ ခု၊ ကျည် ၁၁ တောင့်၊ နှစ်လုံးပြူးပြောင်းရှည် ၁ လက်၊ ၄င်းကျည် ၃၉ တောင့်၊ လေသေနတ် ၂ လက် (အတို ၁၊ အရှည် ၁)၊ လေသေနတ်ကျည် ၂၀၀၀ တောင့်၊ ဂက်(စ်) ပစ္စတို ၂ လက်၊ ဂက်(စ်)ဗူး ၈၅ ဗူး၊ ဘောစေ့ ၈၀၀ လုံးစီပါ ၃ ဗူး၊ စနိုက်ပါမှန်ပြောင်း ၄ ခု (အတု ၁၊ အရှည် ၃)၊ မှန်ပြောင်း ၂ ခု၊ တရုတ်နိုင်ငံထုတ် လမ်းလျှောက်စကားပြောစက် ၆ လုံး၊ အားသွင်းခုံ ၄ ခု နဲ့ သေနတ်အိတ် ၄ ခုတို့အား တွေ့ရှိကြပါတယ်။


နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်