ကလေးမြို့နယ် ဂိဇ္ဇဂုတ်တောင် နဲ့ နွားတောင်တွင် ထုံးကျောက်အကြီးစားစမ်းသပ်ထုတ်ဖော်ရန်လျှောက်ထားမှုကိုဒေသခံများကန့်ကွက်

ကလေးမြို့နယ် ဂိဇ္ဖဂုတ်တောင် နဲ့ နွားတောင်တွင် မဟာအာရှာစီးပွားရေးအုပ်စု ကုမ္ပဏီက ထုံးကျောက် (စက်မှုတွင်းထွက်ကုန်ကြမ်းပစ္စည်း)အကြီးစားစမ်းသပ်တိုင်းတာရေးနဲ့ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်းလျှောက်ထားမှုကို ဒေသခံတွေကလက်မှတ်ထိုးပြီးကန့်ကွက်စာကို ကလေးခရိုင်ရုံးသို့ ဒီဇင်ဘာလ (၇)ရက်က ပေးပို့ထားပါတယ်။

နိုဝင်ဘာလ (၂၄)ရက်တွင် ကလေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးက ငါးဖားကျေးရွာအုပ်စု/ကုက္ကိုလ်ကျေးရွာအုပ်စု၊ ရေရှင်ကျေးရွာအုပ်စုတွေထံ ဂိဇ္ဇဂုတ်တောင် နဲ့ နွားတောင်ဒေသတွင် လုပ်ကွက် (၁)တွင် မြေဧရိယာ (၃၃၂)ဧက နဲ့ လုပ်ကွက် (၂)တွင် မြေဧရိယာ (၄၄၆)ဧက စုစုပေါင်း ၄၇၉၄ ဧကတွင် ကုမ္ပဏီက ထုံးကျောက် (စက်မှုတွင်းထွက်ကုန်ကြမ်းပစ္စည်း)အကြီးစားစမ်းသပ်တိုင်းတာရေးနဲ့ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်းတောင်ရွက်ခွင့်ပြုရန် မဟာအာရှစီးပွားရေးအုပ်စုကုမ္ပဏီမှလျှောက်ထားတင်ပြလာခြင်းအား ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သဘောထားထွက်ဆိုချက်တင်ပြရန်လိုအပ်ကြောင်းလို့ အုပ်ချုပ်ရေးမှူးတွေထံစာပေးပို့ထားပါတယ်။

ယင်းစီမံကိန်းကို ရေရှင်ကျေးရွာ ၁၁၂ ဦးရဲ့ လက်မှတ်နဲ့အခုလို ကလေးခရိုင် စီမံခန့်ခွဲမှုကော်မတီထံစာပြန်လည်ပေးပို့ထားပါတယ်။

ဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒမှာ ၎င်းနွားတောင်ပေါ်တွင် ဗုဒ္ဓဘာသာဝင်များတည်ထားကိုးကွယ်နေသော စေတီပုထိုးများစွာရှိခြင်း၊ ဘုန်းတော်ကြီးကျောင်းများနဲ့ ရဟန်းသံဃာတော်များ၊ သာသနာပြုနေခြင်း၊ တရားဘာဝနာအားထုတ်ကျင့်ကြံနေခြင်း၊ လေပူတွင်းလေအေးတွင်းများ နဲ့ သဘာဝဥမှင်လိုဏ်များ၊ ကျောက်ဆစ်ပန်းဆွဲ၊ ကျောက်ဆစ်မိုးမျှော်များရှိနေခြင်း၊ သဘာဝစိမ့်စမ်းရေများထွက်နေခြင်း၊ နွားတောင်နယ်မြေမှစီးဆင်းလာသော တောင်ကျချောင်းမှချောင်းရေများကို ဆည်မြောင်းတာတမံများပြုလုပ်၍ ရေရှင်အုပ်စု နဲ့ ကုက္ကိုလ်အုပ်စုတို့မှ လယ်သမားများသည် မှီခိုအားထားစိုက်ပျိုးစားသုံးနေရခြင်း၊ ၎င်းဒေသတွင် သယံဇာတများတူးဖော်ပြုလုပ်ပါက မလိုအပ်သော ဓာတုစွန့်ပစ်ပစ္စည်များ ဆည်ရေမြောင်းရေထဲတွင် ပါဝင်လာပြီး တောင်သူလယ်သများများ၏ စပါးကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးသွားမည်ကို ကျေးလက်နေတောင်သူလယ်သမားများစိုးရိမ်ပူပန်နေကြပါတယ်လို့ဖော်ပြထားပါတယ်။

ဆက်လက်ပြီး ၎င်းစာထဲတွင် ထို့ပြင် မိဘဘိုးရွာလက်ထက်မှစ၍ရှိနေသော တောတောင်ရေမြေသဘာဝအနေအထားကို မူလအတိုင်းမပျက်မယွင်းရှိစေရန် နဲ့ နောင်းသားစဉ်မြေးဆက်အထိ ဆက်လက်ထိန်းသိမ်းသွားကြရန်ဆန္ဒရှိနေပါတယ်။ ဒါကြောင့် မဟာအာရှာစီးပွားရေးအုပ်စုကုမ္ပဏီမှ နွားတောင်ဒေသတွင် ကုမ္ပဏီက ထုံးကျောက် (စက်မှုတွင်းထွက်ကုန်ကြမ်းပစ္စည်း)အကြီးစားစမ်းသပ်တိုင်းတာရေးနဲ့ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် လျှောက်ထားတင်ပြခြင်းကို ရေရှင်အုပ်စုကျေးရွာဒေသခံပြည်သူများအနေဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းလို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်