ကလေးမြို့နယ် တောင်သူ (၁၀၀)ကျော်ထံ ကိုဗစ်ကုစားမှုထောက်ပံ့ကြေးပေးမယ်

ကလေးမြို့နယ်ရှိ တောင်သူ (၁၁၃)ဦးထံ ကိုဗစ်ကုစားမှုအစီအစဉ်အနေနဲ့ ထောက်ပံ့ကြေးပေးမယ်လို့ သတင်းရရှိပါတယ်။

တောင်သူတွေထောက်ပံ့မယ့်အစီအစဉ်ကို မနက်ဖြန် မနက် ၉ နာရီခွဲမှာ မြို့နယ်စုပေါင်းရုံတွင် အခမ်းအနားပြုလုပ်မှာဖြစ်ပါတယ်။

ကလေးမြို့နယ် စိုက်ပျိုးရေး၊ မြို့နယ်ဦးစီးမှူး နိုင်ထွန်းဝင်းက ” ဒါက ချေးငွေမဟုတ်ဘူး။ အပြီးပိုင်ပေးမှာ။ အခမ်းအနားကိုတော့ ကျန်းမာရေးရဲ့ Social Distancing အရ လူ ၃၊ ၄၀ လောက်ပဲဝင်ခိုင်းမယ်။ ကလေးမြို့နယ်မှာ တောင်သူကတော့ သောင်းချီရှိပေမယ့် အကုန်လုံးတော့မပေးနိုင်ဘူးလေ” လို့ပြောပါတယ်။

ကိုဗစ်ကုစားမှုထောက်ပံ့ကြေးအစီအစဉ်ကို တစ်ဧကတွင် တစ်သိန်းခွဲနှုန်း ပေးအပ်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်