ကလေးမြို့မှာ စစ်ကောင်စီတပ်လုံခြုံရေးတင်းကြပ်ပြီး ပြည်သူကို ဖမ်းဆီးရိုက်နှက်

HAK/ ၅၊အောက်တိုဘာ၊၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ယခုရက်ပိုင်း စစ်ရေးတင်းမာလို့ မြို့တွင်းမှာ လုံခြုံရေးတင်းကြပ်ထားပြီး မနေ့က စမ်းမြို့ရပ်ကွက်မှာ စစ်ကောင်စီတပ်က လမ်းပေါ်ကပြည်သူတွေကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးတာ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ယမန်နေ့ အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းမှာလည်း ကလေးမြို့၊တာဟန်း၊စမ်းမြို့ရပ်ကွက်မှာ စစ်ကောင်စီက လမ်းသွားလမ်းလာပြည်သူတွေကိုရိုက်နှက်ဖမ်းဆီးမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

Zalen ad

ယမန်နေ့ ညနေ ၄နာရီခွဲလောက်မှာ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ စမ်းမြို့ဘုန်းကြီးကျောင်းအနောက်ဘက် ရန်နိုင်ဦး အကင်ဆိုင်ရှေ့မှာ စစ်ကောင်စီတပ်တွေ အများပြားရောက်လာပြီး လမ်းသွားလမ်းလာတွေကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက”စစ်သားတွေက အများကြီးပဲ ရောက်ချလာတာ၊ ဘာသတင်းရလဲတော့မသိဘူး။ သွားလာတဲ့ဆိုင်ကယ်တွေကိုရိုက်ခိုင်းပြီး တချို့ကို ဘာမှန်းမသိဘဲ ဖမ်းဆီးရိုက်နှက်တာမျိုးလုပ်တယ်။ ဗုံးလည်း ၂ ခါပေါက်ကွဲတယ်။ ဖမ်းဆီးရိုက်နှက်တဲ့သူတွေကိုတော့ပြန်လွတ်ပေးတယ်”လို့ Zalen ကိုပြောပါတယ်။

၎င်းစမ်းမြို့ရပ်ကွက်မှာပဲ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သား တချို့က ပြည်သူနေအိမ် တစ်အိမ်ကို ဝင်မွှေပြီး ပိုက်ဆံ ၂သိန်းခိုးယူသွားတယ်လို့ သိရပါတယ်။

ကလေးမြို့ပေါ်တွင် စစ်ရေးတင်းမှာမှုမှာ (၁)လနီးပါးရှိနေပြီဖြစ်ပြီး၊ မြို့ထဲမှာလည်း စစ်ကောင်စီအင်အားများဖြည့်တင်းထားပြီး၊ အပြန်လှန်ပစ်ခတ်မှုများလည်း နေ့စဉ်နီးပါးရှိနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်