ကလေးမြို့ RTC စစ်တပ်ဝင်းထဲ မီးကွင်းပစ်တဲ့ လူငယ်တစ်ယောက် ပစ်ခတ်ဖမ်းဆီးခံရ

ကလေးမြို့ RTC စစ်တပ်ဝင်းထဲ မနေ့က ညနေ ၃ နာရီခန့်က လူငယ်တချို့က မီးကွင်းပစ်ခတ်တာကြောင့် စစ်တပ်က သေနတ်နဲ့ ပြန်လည်ပစ်ခတ်တာကြောင့် အသက် (၂၈နှစ်)အရွယ် ကိုရဲမင်းဦးကို ပေါင်မှာကျည်ထိတာကြောင့် ဖမ်းဆီးခံရတယ်လို့ သတင်းရရှိပါတယ်။

လက်ရှိ ကိုရဲမင်းဦးကို ကလေးမြို့ တပ်မတော် စစ်ဆေးရုံတွင်ကုသလျက်ရှိပါတယ်။ မတ်လ (၁၇)ရက်တွင် ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူကို စစ်တပ်ကပစ်ခတ်လို့ လူ (၄)ဦးသေဆုံးပြီး အများအပြားအဖမ်းခံရတယ်။

ဒါကြောင့် လူငယ်တွေက မကျေမနပ်ဖြစ်၍ တပ်စခန်းများ၊ ရဲစခန်းများကို မီးကွင်းနဲ့ တိုက်ခိုက်မယ်လို့ သတင်းများ ထွက်ပေါ် တာကြောင့် ယင်းရက်များတွင် စစ်တပ်က လုံခြုံရေးကို မနက်၊ ည အပြည့် ချထားကြပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင်းနဲ့ ဆူးရ်ဘုမ်လေဆိပ်ကို အကြမ်းဖက်စစ်​ကောင်စီတပ်များပြန်လည် ရယူ၊ မြို့အနီးစစ်ရေးတင်းမာနေဆဲ

ဧပြီ ၂၅၊ ၂၀၂၆Zalen ဖလမ်းမြို့တွင်းနဲ့ ဆူးရ်ဘုန်​လေဆိပ် ပြန်လည် ရရှိ​ရေးတွက် အကြမ်းဖက်စစ်တပ်ဟာ မနေ့က ညပိုင်း ၁၀:၃၀ချိန်ထိအောင် ပြင်းထန်တဲ့ လေကြောင်းထိုးစစ်များပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ဧပြီ ၂၅ရက် ဒီနေ့ မနက်ပိုင်းမှာတော့ ဖလမ်းမြို့သို့ ဝင်ရောက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။ ...

ဆက်ဖတ်ရန်