ကလေးမြို့တွင် WYဆေးပြား ကျပ်သိန်း ၇၀၀၀ ကျော်ဖိုးဖမ်းဆီးရမိ

ကလေးမြို့တွင် WYဆေးပြား ကျပ်သိန်း ၇၀၀၀ ကျော်ဖိုးဖမ်းဆီးရမိ

ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် ဆိုင်ကယ်ပေါ်မှတင်လောက်လာတဲ့ WYစာတမ်းပါတဲ့ ဆေးပြား ကျပ် ၇၃၉၅ သိန်းဖိုးကို ကလေးမြို့ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၁၀ ရက်နေ့တွင်ဖမ်းဆီးရမိပါတယ်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ ကလေးမြို့ရဲတပ်ဖွဲ့ဝင်များနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး တောင်ဖီလာရပ်ကွက် လိုင်မုန်းလမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် မြို့လှရပ်ကွက် နယ်မြေ (၃)မှာနေထိုင်တဲ့ ဦးရွာလ်ဒုသောင် (ခ)တင်ရွှေ (Run Duh Tawng) (၄၂ နှစ်) မောင်းနှင်လာတဲ့ ဆိုင်ကယ်ကိုမသင်္ကသဖြင့် ရပ်တန့်စစ်ဆေးခဲ့ပါတယ်။ ၎င်းတင်ဆောင်လာတဲ့ အထုပ် (၂)ထုပ်အားဖွင့်ဖောက်စစ်ဆေးရာ အတွင်း၌ အဝါရောင်တိတ်ဖြင့် ပတ်ထားတဲ့ အထုပ် (၂၉)ထုပ်တွေ့ရှိပြီး ၎င်းအထုပ်ထဲတွင် WY စာတမ်းပါ ဆေးပြားစုစုပေါင်း (၂၄၆၅၀၀)ပြား၊ ကာလတန်ဖိုး WY တစ်ပြားလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၇၃၉၅ တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။

၎င်းဟာ ခမ်းပတ်မြို့ကနေ မြို့လှရပ်ကွက် နယ်မြေ (၃) (ယခင်မွန်ထာရွာ)သို့မကြာသေးခင်က ပြောင်းရွေ့လာသူဖြစ်ပါတယ်။

Zalen ad

တာဟန်းရပ်ကွက် စခန်းမှူး ဒုရဲအုပ် စိုးသီဟလွင်က “ဘယ်ကိုပို့ဖို့ဆိုတာ အခု စစ်ဆေးနေတုန်းဖြစ်တယ်။ သူ့ကို မူးယစ်မှု ပုဒ်မ ၁၉ (က) /၂၁ နဲ့ ကလေးမြို့မရဲစခန်းမှာအမှုဖွင့်ထားတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဂျက်ဖိုက်တာ ၉ စီး ၊ Y-12 နှစ်စီး နဲ့ဗုံးကြဲ

၂၁ ၊ဇွန် ၊၂၀၂၆Zalen ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့အရှေ့ခြမ်း နေရာတွေကို စစ်ကောင်စီတပ်က တရက်တွင်း ဂျက်ဖိုက်တာ ၉ စီး ၊ Y-12 နှစ်စီး နဲ့ ဗုံးလာကြဲတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ တံတားဦး ...

ဆက်ဖတ်ရန်