ကလေးမြို့မှာ wifi ကြိုးသွယ်တန်းရာမှ ဓာတ်လိုက်လို့ လူငယ်တစ်ယောက်သေဆုံး

ကလေးမြို့ တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံရှေ့တွင် Wifi ကြိုးသွယ်တန်းရာမှ လူငယ်တစ်ယောက်ဓာတ်လိုက် သေဆုံးမှု သြဂုတ်လ(၁၃)ရက် နေ့လည် (၁၂)ခန့်မှာဖြစ်ပွားပါတယ်။

သစ္စာဦးကွန်ပျူတာဆိုင် Wifi ကြိုးသွယ်တန်းတဲ့ သူငယ်ချင်းကို သွားရောက်ကူညီသူ Satawm ရပ်ကွက်နေ Mesak Lalpekhlua(၁၈ နှစ်)ဟာ သွတ်အိမ်ခေါင်မိုးပေါ်တက်ပြီး ကြိုးသွယ်တန်းရာမှ 11Kva လျှပ်စစ်ဓာတ်အားလိုင်းကြိုးနဲ့ထိမိပြီး ဆေးရုံသို့ပို့စဉ်သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

Mesak Lalpekhlua ဟာ တစ်ဦးတည်းသောသားဖြစ်ပြီး ရန်ကုန်မြို့ရှိ Cung Music Academy ကျောင်းပြီးဆုံးသူလည်းဖြစ်တယ်။ ၎င်းမိခင်ဟာ စင်ကာပူနိုင်ငံမှာအလုပ်လုပ်ကိုင်ပြီး ဒီနေ့ညနေ (၄)နာရီမှာ အလောင်းကို ဒိုးဝန်းချောင်းသုဿာန်မှာသဂြိုလ်ခဲ့ကြတယ်။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်