ကျောင်းသူဟောင်းရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံက ခရစ်ယာန်ကျောင်းတွင် ကလေးငယ်အပါအဝင် ၆ ဦးသေဆုံး

သေနတ်ကိုင်ဆောင်ပြီး ဝင်လာသော အသက် ၂၈ နှစ်အရွယ် ကျောင်းသူဟောင်း တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် တနင်္လာနေ့ မတ် ၂၆ ရက်တွင် အမေရိကန်နိုင်ငံ၊ တဲနီစီးပြည်နယ်၊ နတ်ချ်ဗီလ်းမြို့မှာ ကလေး ၃ ဦးနှင့် အရွယ်ရောက် ကျောင်းဝန်ထမ်း ၃ ဦး သေဆုံးသွားခဲ့ပါတယ်။

ပစ်ခတ်မှု ကျူးလွန်သူဟာ ယခင်က ဒီခရစ်ယာန်ကျောင်းတွင် ကျောင်းတက်ခဲ့ဖူးပြီး သူ့ကို ရဲများက ပြန်လည် ပစ်ခတ်သောကြောင့် သူလည်း သေဆုံးသွားခဲ့ပါတယ်။

NASHVILLE, TN – MARCH 27: School buses with children arrive at Woodmont Baptist Church to be reunited with their families after a mass shooting at The Covenant School on March 27, 2023 in Nashville, Tennessee. According to initial reports, three students and three adults were killed by the shooter, a 28-year-old woman. The shooter was killed by police responding to the scene. Seth Herald/Getty Images/AFP (Photo by Seth Herald / GETTY IMAGES NORTH AMERICA / Getty Images via AFP)

သူဟာ ဒီပစ်ခတ်မှုကို ဘာကြောင့် ကျူးလွန်ခဲ့သလဲဆိုတာကတော့ သေချာမသိရသေးပါဘူး၊ ဒါပေမယ့် ပစ်ခတ်မှုကျူးလွန်သူဟာ ကျောင်းရဲ့ မြေပုံအသေးစိတ်ပုံကို ရေးဆွဲခဲ့ပါတယ်၊ ကျောင်းဝင်ပေါက်များကိုလည်း ထည့်သွင်းရေးဆွဲခဲ့ပါတယ်။ ဒီကျောင်းဟာ ခရစ်ယာန် ပရတ်ဘက်တီးရီးယန်ဂိုဏ်းက ဖွင့်လှစ်ထားသော ကျောင်းတစ်ခုဖြစ်ပြီး မူလတန်းကလေးများကို ပညာသင်ကြားပေးနေပါတယ်၊ တစ်နေ့တာ ကျောင်းစာ မတင်ခင် ဆုတောင်းခြင်းအရင်ဆုံး ပြုလုပ်သော ကျောင်းတစ်ခုလည်းဖြစ်ပါတယ်။

ပစ်ခတ်မှုကျူးလွန်သူဟာ အသက် ၂၈ နှစ်အရွယ်ရှိသော အော်ဒရေအယ်လီဇာဘတ်ဟု ရဲများက ပြောပြီး သူ့ဟာ အမျိုးသမီးဖြစ်ကြောင်း ဆိုကြသော်လည်း လိင်ပြောင်းထားသူ တစ်ဦးဖြစ်ကြောင်း ဆိုကြပါတယ်။ တစ်ချို့လူများရဲ့ ပြောဆိုချက်အရ ပစ်ခတ်မှု ကျူးလွန်သူဟာ ကလေးဘဝတုန်းက ဒီခရစ်ယာန်ကျောင်းကို တက်ခဲ့ချိန်တွင် မကျေနပ်မှု တစ်စုံတစ်ရာ ရှိခဲ့သောကြောင့် ဒီလို ပစ်ခတ်မှုကျူးလွန်တာဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေကြပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်