ခရီးသွားမယ့်နေရာ မမှန်မကန်ပြောဆိုမှုများလို့ ဖလမ်းမြို့ဖြတ်သန်းမယ့် သူတိုင်းကိုဗစ်ရောဂါပိုးစစ်ဆေးရခြင်းဖြစ်ဟုဆို

ဖလမ်းမြို့ကို ဖြတ်သန်းသွားလာမယ့်သူအားလုံး ဖလမ်းမြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊မရှိ စစ်ဆေးပြီး Negative အဖြေထွက်ရှိသူများသာ ဆက်လက်ဖြတ်သန်းသွားလာခွင့်ပြုမယ်လို့ မနေ့ညက မြို့နယ် ကိုဗစ်-၁၉ ကော်မတီက ထုတ်ပြန်ထားပါတယ်။

အခုလို ထုတ်ပြန်ချက်ကြောင့် ပြည်သူတွေရဲ့ ဝေဖန်မှုတွေလည်းခံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ဖလမ်းမြို့ဟာ မြို့တော်လည်းဖြစ် အစိုးရရုံးစိုက်ရာလည်းဖြစ်တဲ့ ဟားခါးမြို့ကြားမှာဖြစ်တဲ့တွက် ခရီးသွားလာမှုကြန့်ကြာစေနိုင်ပါတယ်။

ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြာအွမ်က “ဥပမာ ကလေးမြို့ကနေ ဟားခါး၊ ထန်တလန်ဘက်သွားမယ့်သူတွေဆိုရင်လည်း ဖလမ်းဂိတ်မှာ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးဖို့ အထက်ကညွှန်ကြားထားတယ်။ မဟုတ်ရင် ဟားခါးမှာ မစစ်ဆေးပဲဝင်တတ်လို့တဲ့။ တချို့က ဖလမ်းမှာအိပ်မယ်ဆိုရင်တောင် ဟားခါးသွားမယ်၊ ထန်တလန်သွားမယ်ဆိုပြီး ဆေးမစစ်ချင်လို့ လိမ်ညာနေကြတယ်။ အဲ့ဒါကြောင့်ပါ။ ဆေးစစ်ခ ကတော့ တစ်ယောက် တစ်သောင်းပါ။ ကလေးမှာ swabs test ယူထားပြီးသား Negative ဆိုတဲ့ စာပါရင်လည်း ဖလမ်းမှာ ထပ်စစ်မှာပဲ” လို့ ပြောပါတယ်။

Test Kids နဲ့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရင် အဖြေကို နာရီဝက်ခန့်အကြာမှာသိရှိနိုင်ပါတယ်။

ဖလမ်းမြို့ ကိုဗစ် volunteer အဖွဲ့မှတာဝန်ရှိသူ Salai Timmy Htut က“မြို့နယ်တွင်း လူတွေကတော့ ထောက်ခံစာနဲ့သွားလာလို့ရတယ်။ ဒါပေမယ့် မြို့နယ်ခြားဖြစ်တဲ့ ကလေးမြို့၊ ရန်ကုန်တွေကလာတယ်ဆိုရင် ဆေးစစ်ခံရမယ်။ ဖလမ်းက ကိုဗစ်-၁၉လူနာတွေက တီးတိန်၊ ကလေး၊ ရန်ကုန်ကနေပြန်လာတဲ့သူတွေပဲဖြစ်တယ်။ မြို့နယ်ခြားကနေလာတဲ့သူတွေက သူတို့လာတဲ့မြို့မှာ အရင် ဆေးစစ်ပြီးတော့ Negative ပြတဲ့စာရွက်ပါလာမှ ဖလမ်းအဝင်မှာ ထပ်စစ်ပြီးတော့ (၇)ရက် Q ထားတယ်။ ကိုဗစ် Negative ပြတဲ့စာရွက်ပါမလာတဲ့သူတွေကို ဂိတ်မှာလည်းမစစ်တော့ပဲ တခါထဲ Q ဝင်ခိုင်းတယ်” လို့ပြောပါတယ်။

လက်ရှိ ဖလမ်းမြို့တွင် ကိုဗစ်-၁၉ လူနာ (၁၀)ဦး ဆေးကုသလျက်ရှိပါတယ်။

(Zawgyi)

ခရီးသြားမယ့္ေနရာ မမွန္မကန္ေျပာဆိုမႈမ်ားလုိ႔ ဖလမ္းၿမိဳ႕ျဖတ္သန္းမယ့္ သူတိုင္းကိုဗစ္ေရာဂါပိုးစစ္ေဆးရျခင္းျဖစ္ဟုဆို

ဖလမ္းၿမိဳ႕ကို ျဖတ္သန္းသြားလာမယ့္သူအားလံုး ဖလမ္းၿမိဳ႕အဝင္ဂိတ္တြင္ ကိုဗစ္-၁၉ ေရာဂါပိုးရွိ၊မရွိ စစ္ေဆးၿပီး Negative အေျဖထြက္ရွိသူမ်ားသာ ဆက္လက္ျဖတ္သန္းသြားလာခြင့္ျပဳမယ္လို႔ မေန႔ညက ၿမိဳ႕နယ္ ကိုဗစ္-၁၉ ေကာ္မတီက ထုတ္ျပန္ထားပါတယ္။

အခုလို ထုတ္ျပန္ခ်က္ေၾကာင့္ ျပည္သူေတြရဲ႕ ေဝဖန္မႈေတြလည္းခံခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဖလမ္းၿမိဳ႕ဟာ ၿမိဳ႕ေတာ္လည္းျဖစ္ အစိုးရရံုးစိုက္ရာလည္းျဖစ္တဲ့ ဟားခါးၿမိဳ႕ၾကားမွာျဖစ္တဲ့တြက္ ခရီးသြားလာမႈၾကန္႔ၾကာေစႏိုင္ပါတယ္။

ဖလမ္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးၾကာအြမ္က “ဥပမာ ကေလးၿမိဳ႕ကေန ဟားခါး၊ ထန္တလန္ဘက္သြားမယ့္သူေတြဆိုရင္လည္း ဖလမ္းဂိတ္မွာ ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးဖို႔ အထက္ကညႊန္ၾကားထားတယ္။ မဟုတ္ရင္ ဟားခါးမွာ မစစ္ေဆးပဲဝင္တတ္လို႔တဲ့။ တခ်ဳိ႕က ဖလမ္းမွာအိပ္မယ္ဆုိရင္ေတာင္ ဟားခါးသြားမယ္၊ ထန္တလန္သြားမယ္ဆိုၿပီး ေဆးမစစ္ခ်င္လို႔ လိမ္ညာေနၾကတယ္။ အဲ့ဒါေၾကာင့္ပါ။ ေဆးစစ္ခ ကေတာ့ တစ္ေယာက္ တစ္ေသာင္းပါ။ ကေလးမွာ swabs test ယူထားၿပီးသား Negative ဆိုတဲ့ စာပါရင္လည္း ဖလမ္းမွာ ထပ္စစ္မွာပဲ” လို႔ ေျပာပါတယ္။

Test Kids နဲ႔ ကိုဗစ္-၁၉ ေရာဂါ စစ္ေဆးရင္ အေျဖကို နာရီဝက္ခန္႔အၾကာမွာသိရွိႏိုင္ပါတယ္။

ဖလမ္းၿမိဳ႕ ကိုဗစ္ volunteer အဖြဲ႔မွတာဝန္ရွိသူ Salai Timmy Htut က“ၿမိဳ႕နယ္တြင္း လူေတြကေတာ့ ေထာက္ခံစာနဲ႔သြားလာလို႔ရတယ္။ ဒါေပမယ့္ ၿမိဳ႕နယ္ျခားျဖစ္တဲ့ ကေလးၿမိဳ႕၊ ရန္ကုန္ေတြကလာတယ္ဆိုရင္ ေဆးစစ္ခံရမယ္။ ဖလမ္းက ကိုဗစ္-၁၉လူနာေတြက တီးတိန္၊ ကေလး၊ ရန္ကုန္ကေနျပန္လာတဲ့သူေတြပဲျဖစ္တယ္။ ၿမိဳ႕နယ္ျခားကေနလာတဲ့သူေတြက သူတို႔လာတဲ့ၿမိဳ႕မွာ အရင္ ေဆးစစ္ၿပီးေတာ့ Negative ျပတဲ့စာရြက္ပါလာမွ ဖလမ္းအဝင္မွာ ထပ္စစ္ၿပီးေတာ့ (၇)ရက္ Q ထားတယ္။ ကိုဗစ္ Negative ျပတဲ့စာရြက္ပါမလာတဲ့သူေတြကို ဂိတ္မွာလည္းမစစ္ေတာ့ပဲ တခါထဲ Q ဝင္ခုိင္းတယ္” လို႔ေျပာပါတယ္။

လက္ရွိ ဖလမ္းၿမိဳ႕တြင္ ကိုဗစ္-၁၉ လူနာ (၁၀)ဦး ေဆးကုသလ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်