ချင်းတိုင်းရင်းသူလေးက Asian Pacific Championship Karate ပြိုင်ပွဲမှာ ပထမဆုရရှိ

ချင်းတိုင်းရင်းသူလေးက Asian Pacific Championship Karate ပြိုင်ပွဲမှာ ပထမဆုရရှိ

ပထမဆုံး အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ Asian Pacific Championship Karate ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသူ မိုင်နိုမီဗန်နှင်ပါရ် (၁၅ နှစ်) က အမျိုးသမီး ၅၅ အောက်တွင် ပထမဆုရရှိသွားတယ်လို့သတင်းရရှိပါတယ်။

ယင်းပြိုင်ပွဲကို ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏတွင် ဇွန်လ (၂၃)ရက်နေ့တွင် ကျင်းပပါတယ်။


https://www.facebook.com/naturegreenhill/

မိုင်နိုမီဗန်နှင်ပါရ် (Mai Naomi Van Hnem Par)ဟာ ဦးဗန်ဗျက်လျန် နဲ့ ဒေါ်ခိုင်ဒိမ်ရဲ့သမီးဖြစ်ပြီး လက်ရှိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာနေထိုင်ကြပါတယ်။

ယင်းပြိုင်ပွဲတွင် သြစတြေးလျ၊ ရုရှား၊ ကိုရီး ယား၊ အမေရိကန်၊ နယူးဇီလန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့ပါဝင်ကြပါတယ်။ ပြိုင်ပွဲကို မြန်မာနိုင်ငံက ကစားသမား ၇၀ကျော်အ ပါအဝင် နိုင်ငံတကာမှ ကစားသမားစုစုပေါင်း ၁၅၀ကျော်ယှဉ်ပြိုင်ကစားကြပါတယ်။
မိုင်နိုမီဗန်နှင်ပါရ်က “ကျမတို့ဝိုက်တန်းမှာ မြန်မာ သုံးယောက်ရယ်၊ အိန္ဒိယတစ်ယောက်ရယ်ပါပါတယ်။ ပထမပွဲမှာ အိန္ဒိယနဲ့ကစားတယ်။ သူ့ကိုနိုင်တော့ တစ်ဘက်အဖွဲ့ကနိုင်တဲ့ မွန်ပြည်နယ်ကလူနဲ့ထိုးကျတယ်။ တစ်ပွဲမှာ နှစ်မိနစ်ပေးထားပေမယ့် ကျမက သူ့ကို တစ်မိနစ်အတွင်းမှာ ခြေထောက်နဲ့မျက်နှာကိုကန်ပြီးတော့ သူကအရှုံးပေးတယ်။ အခုလို ပထမဆုရတဲ့တွက် အတိုင်းမသိဝမ်းသာပါတယ်။ ခါးပတ်အနက်ထိရအောင် ဆက်ကြိုးစာပါမယ်” လို့ပြောပါတယ်။

၎င်းဟာ အသက် ၁၂ နှစ်အရွယ်ကစပြီး နွေရာသီမှာ ကျန်းမာရေးအနေနဲ့စတင်ကစားရာကနေ ဝါသနာပါလာပြီးဆက်လက်ကစားသွားပါတယ်။ ဒီပြိုင်ပွဲအတွက် ဖေဖော်ဝါရီလကစပြီး တစ်နေ့တွင် နှစ်နာရီကြာလေ့ကျင့်ပေးကြပါတယ်။ ၂၀၁၇ ခုနှစ်တွင်လည်း ပြည်တွင်းကလပ်အချင်းချင်းပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့ဖူးပါတယ်။

ပြိုင်ပွဲကို သက်ကြီး၊ သက်လတ်၊ သက်ငယ်လို့သတ်မှတ်ပြီး အမျိုးသားပြိုင်ပွဲမှာ ၇၀ Kg၊ ၇၀-၈၀ ရယ်၊ ၈၀ Kg ကျော်တွေပါဝင်ပါတယ်။ အမျိုးသမီးပြိုင်ပွဲမှာတော့ ၅၅ Kgအောက်၊ ၅၅-၆၂ Kg၊ ၆၂ kg အထက်တွေပါဝင်ပါတယ်။

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်