ချင်းပြည်နယ်တွင် တိုင်းရင်းသားစာပေသင်ကြားသူအများစုခန့်စာတွင်မပါဝင်သဖြင့် လစာမရမှာစိုးရိမ်

ချင်းပြည်နယ်တွင် တိုင်းရင်းသားစာပေသင်ကြားသူအများစုခန့်စာတွင်မပါဝင်သဖြင့် လစာမရမှာစိုးရိမ်

ဖလမ်းမြို့နယ်တွင် အစိုးရကျောင်းတွင် ချင်းစာပေသင်ကြားမယ့် ဆရာ၊မများ သင်တန်းပေးနေစဉ်

ချင်းပြည်နယ်တွင် တိုင်းရင်းသားဘာသာစာပေသင်ကြားသူ သုံးထောင်နီးပါးရှိတဲ့အနက် ပြည်ထောင်စုအစိုးရက ၃၅၉ ဦးသာခန့်ထားသဖြင့် ခန့်စာတွင်မပါဝင်တဲ့ဆရာ၊မများ လစာမရမှာစိုးရိမ်ပူပန်နေကြတယ်လို့သတင်းရရှိပါတယ်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက စက်တင်ဘာ (၂)ရက်နေ့ကထုတ်ပြန်တဲ့ အမိန့်စာထဲတွင် သြဂုတ် (၂၈)ရက်တွင် ကျင်းပသော ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ချင်းပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် နေ့စားလပေးအဖြစ် အမှန်တကယ် အလုပ်ဝင်ရောက်သည့်နေ့မှစ၍ တိုင်းရင်းသားဘာသာစာပေသာမက ကျောင်းသင်ဘာသာရပ်များသင်ကြားရာတွင် အထောက်အကူပြု နေ့စားများ အဖြစ်ခန့်ထားလိုက်သည်လို့ဖော်ပြထားပါတယ်။

ဖလမ်းမြို့နယ်တွင်ကျောင်း ၂၄ ကျောင်းမှ နေ့စားလပေး ဆရာ၊မ ၃၆ ဦး၊ ဟားခါးမြို့နယ်တွင် ၃၁ ကျောင်းမှ နေ့စားလပေး ဆရာ၊မ ၃၁ ဦး၊ ထန်တလန်မြို့နယ်တွင် ၃၆ ကျောင်းမှ နေ့စားလပေး ဆရာ၊မ ၄၇ ဦး၊ ကန်ပက်လက်မြို့နယ်တွင် ကျောင်း နှစ်ကျောင်းမှ နေ့စားလပေး ဆရာ၊မ နှစ်ဦး၊ မတူပီမြို့နယ်တွင် ကျောင်း ၈ ကျောင်းမှ နေ့စားလပေးဆရာ၊မ ၁၀ ဦး၊ မင်းတပ်မြို့နယ်တွင် ကျောင်း ၃၃ ကျောင်းမှ နေ့စားလပေး ဆရာ၊မ ၄၈ ဦး၊ ပလက်ဝမြို့နယ်တွင် ၁၁၂ ကျောင်းမှ နေ့စားလပေး ဆရာ၊မ ၁၂၅ ဦး၊ တီးတိန်မြို့နယ်တွင် ကျောင်း ၆၄ ကျောင်းမှ နေ့စားလပေး ဆရာ၊မ ၁၀၁ ဦး၊ နဲ့ တွန်းဇံမြို့နယ်တွင်ကျောင်း ၂၅ ကျောင်းမှ နေ့စားလပေး ဆရာ၊မ ၃၅ ဦး စုစုပေါင်း ကျောင်းပေါင်း ၃၃၅ ကျောင်းမှ နေ့စားလပေး ဆရာ၊မ ၃၆၉ ဦးခန့်ထားပါတယ်။

၎င်းနေ့စားလပေးအလုပ်သမားတွေဟာ တိုင်းရင်းသားဘာသာစာပေအပြင် လိုအပ်သလို ကျောင်းသင်ဘာသာရပ်များကိုလည်း သင်ကြားရမှာဖြစ်ပြီး တစ်လတွင် သုံးသောင်းရရှိမှာဖြစ်ပါတယ်။
ဖလမ်းမြို့နယ် Relsing ရွာ အ.ထ.က (ခွဲ)ကျောင်းမှာ ချင်းစာပေသင်ကြားနေတဲ့ဆရာမတစ်ဦးက “ကျောင်းမှာချင်းစာပေသင်လာတာ သုံးလကြာပေမယ့် ခုထိလစာမရသေးဘူး။ မနှစ်တုန်းကတော့ ကျောင်းစဖွင့်တဲ့ချိန်ကနေ ၂ လကြာမှ လစာရတယ်။ နောက်ပိုင်းတော့ တစ်လတစ်ကြိမ်ရတယ်။ ဒီနှစ်နဲ့ဆို ချင်းစာပေသင်ပြလာတာ လေးနှစ်ရှိပြီ။ ဒီနှစ်တော့ ကျောင်းချိန်မှာ G-1 ကနေ G-3ထိ ဆရာမသုံးဦးက ချင်းစာသင်ပေးတယ်။ နှစ်စတုန်းက မြို့နယ်ပညာရေးရုံးမှာလျှောက်လွှာတော့ပေးကြတာပဲ။ ခန့်စာထဲမှာ ကျမတို့ရွာကျောင်းတော့မပါလာဘူး။ ခန့်စာထဲမှာမပါလာပေမယ့် လစာတော့ရမယ်ထင်တာပဲ၊ ဒါပေမယ့်မပြောတတ်ဘူး။ ကျမမှာ ကလေး ၄ယောက်ရှိတယ်။ အတန်းချိန်မရှိတဲ့မနက်ပိုင်းမှာ တောင်ယာသွားပြီးအလုပ်လုပ်တယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်တွင် ချင်းစာပေသင်ကြားနေတဲ့ ကျောင်းနဲ့ဆရာ၊မစာရင်းမှာ ဟားခါးမြို့နယ်တွင် (၉၂)ကျောင်း ရှိပြီး ဆရာ၊မ (၂၈၃)ဦး၊ ထန်တလန်မြို့နယ်တွင် (၁၁၉)ကျောင်းရှိပြီး ဆရာ၊မ (၂၉၈)ဦး၊ ဖလမ်းမြို့နယ်တွင် (၁၇၈)ကျောင်းရှိပြီး ဆရာ၊မ (၄၆၇)ဦး၊ တီးတိန်မြို့နယ်တွင် (၁၅၄)ကျောင်းရှိပြီး ဆရာ၊မ (၄၉၅)ဦး၊ တွန်းဇံမြို့နယ်တွင် (၉၆)ကျောင်းရှိပြီး ဆရာ၊မ (၁၉၄)ဦး၊ မင်းတပ်မြို့နယ်တွင် (၁၇၉)ကျောင်းရှိပြီး ဆရာ၊မ (၂၇၁)ဦး၊ မတူပီမြို့နယ်တွင် (၁၇၁)ကျောင်းရှိပြီး ဆရာ၊မ (၂၆၈)ဦး၊ ကန်ပက်လက်မြို့နယ်တွင် (၁၂၁)ကျောင်းရှိပြီး ဆရာ၊မ (၂၀၅)ဦး၊ နဲ့ ပလက်ဝမြို့နယ်တွင် (၂၅၅)ကျောင်းရှိပြီး ဆရာ၊မ ((၅၁၅)ဦး စုစုပေါင်း ကျောင်း (၁၄၆၅)ကျောင်းရှိပြီး ဆရာ၊မ (၂၉၉၇)ဦးကသင်ကြားပေးနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖလမ်းခရိုင် ပညာရေးရုံးဦးစီးအရာရှိ U Tuak Sang က “အခုနေ့စားလပေးခေါ်တာက တိုင်းရင်းသားဘာသာတစ်ခုထဲသင်ပြရမှာမဟုတ်ဘူး။ ကျောင်းမှာလိုအပ်တဲ့ဘာသာရပ်တွေလည်း တွဲသင်ပြရမှာဖြစ်တယ်။ သူတို့ရွေးချယ်ပုံက ဘွဲ့ရတွေ ပထမဦးစားပေး။ အရည်အချင်းတူရင် လုပ်အားပေးလုပ်ခဲ့ဖူးသူကိုရွေးတယ်။ ပြီးတော့ ကျောင်းသူ၊သား ၅၀ နဲ့ ၁၀၀ ကြားကို ဆရာ၊မ တစ်ယောက်နှုန်းချပေးတယ်။ ကျောင်းသူ၊သား ၅၀ အောက်ရှိတဲ့ကျောင်းတွေကတော့ နေ့စားလပေးရမှာမဟုတ်ဘူး။ အခု နေ့စားလပေးခန့်ထားတဲ့စာမှာမပါတဲ့သူတွေ အစိုးရက လစာပေးမလာဆိုတာ ဒီပတ်မှာ နေပြည်တော်က ပညာရေးဝန်ထမ်းကိုမေးေ ပြည်ထောင်စုဝန်ကြီးတွေလောက်ကပဲသိတယ်။ ကျနော်တို့ ဖလမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက မကြာခင်အစည်းအဝေးလုပ်ပြီး ဒီကိစ္စကိုဆွေးနွေးဖို့ရှိတယ်။ အရင်နှစ်တုန်းက တိုင်းရင်းသားဘာသာစာပေသင်ကြားသူတွေက အစိုးရက နေ့စားလပေးအနေနဲ့ခန့်ထားတာမဟုတ်ဘူး။ အစိုးရကတော့ ခန့်စာထဲမှာမပါတဲ့သူတွေလည်း လစာပေးမယ်လို့ယုံကြည်တယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်တစ်ပြည်လုံး ချင်းစာပေသင်ကြားတဲ့ကျောင်းသူ၊သားတွေမှာ G-1 တွင် ကျောင်းသား (၁၆,၁၁၉)ဦး၊ G-2 တွင် ကျောင်းသား (၁၉,၄၀၈)ဦး၊ G-3 တွင် ကျောင်းသား (၁၉,၂၃၀)ဦး စုစုပေါင်း (၅၄,၇၅၇)ဦးရှိပါတယ်။

ချင်းစာပေသင်ကြားနေတဲ့ကျောင်းသူ၊သား နဲ့ နေ့စားလပေးဆရာ၊မခန့်ထားတဲ့ နှုန်းဟာ ကျောင်းသူ၊သား ၁၅၀ ကျော်တွင် ဆရာ၊မ တစ်ဦးနှုန်းသာခန့်ထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်