ချင်းပြည်နယ်တွင် အနိုင်ရ NLD ကိုယ်စားလှယ်လောင်း ၂ ဦးကို ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သားတစ်ဦးက ကန့်ကွက်လွှာတင်

ရွေးကောက်ပွဲအနိုင်ရရှိတဲ့ ချင်းပြည်နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်တဲ့ ဦးစိန်အောင် (ပလက်ဝ) နဲ့ ဒေါက်တာဆလိုင်းရီယန်ဗဲလ် (ဖလမ်း) တို့ကို ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သားတစ်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်ထားတယ်လို့သတင်းရရှိပါတယ်။

ဦးစိန်အောင်ကို ကန့်ကွက်တဲ့ ပြည်ခိုင်ဖြိုးပါတီမှ ဆလိုင်းခွဲယန်က “ပထမတော့ မတင်တော့ဘူး ဒီလိုပဲစိတ်ရှည်လက်ရှည်နေလိုက်မယ်ပေါ့။ နောက်ကျတော့ တဖြည်းဖြည်း အဖြေပေါ်လာတဲ့ခါကျတော့ မတရားမှု၊ မသမာမှုတွေများလာတော့ ဒါကျနော့်အတွက် ကန့်ကွက်တာမဟုတ်ဘူး။ လာမယ့် အနာဂတ်အတွက် နောင်မှာမကြုံရလေအောင် ကန့်ကွက်စာတင်ရတာဖြစ်တယ်။ ပထမချက်တော့ ရွေးကောက်ပွဲ တရာမမျှတဘူး။ နံပါတ် ၂ က ဦးစိန်အောင်ကို ကန့်ကွက်တယ်ဆိုတာ ကျနော်နဲ့ သူက ပြိုင်ဘက်ဆိုတော့ တကယ်လို့ ဒီမသမာမှုတွေသာမရှိဘူးဆိုရင် ကျနော်သာ အနိုင်ရတဲ့သူဖြစ်သင့်တယ်။ ဦးစိန်အောင်က အနိုင်ရသူဖြစ်မှာမဟုတ်ဘူးဆိုတဲ့ အချက်ပဲ။ အကြောင်းပြချက်တွေကတော့ ရွေးကောက်ပွဲကြေညာတဲ့ခါမှာ ပထမတော့ ပလက်ဝတစ်ခုလုံး ရွေးကောက်ပွဲကျင်းပမယ်။ နောက် အောက်တိုဘာ ၂၇ ရွေးကောက်ပွဲနီးတဲ့ခါကျတော့ ကျေးရွာ၊ ရပ်ကွက်အုပ်စုပေါင်း ၉၄ ခုမှာ ရွေးကောက်ပွဲကျင်းပမှာမဟုတ်ဘူးလို့ကြေညာတယ်။ ဒီပေါ်မှာလည်းမကျေနပ်ဘူး။ အခုကျင်းပတဲ့ နေရာမှာကော တကယ်လုံခြုံရဲ့လာ။ ရွေးကောက်ပွဲမကျင်းပတဲ့နေရာကကော တကယ်မလုံခြုံဘူးလာဆိုတာ မကျေနပ်ဘူး။ ပလက်ဝမြို့နယ်မှာ NLD က ရှုံးဖို့အလားအလာရှိတယ်။ ဒါကြောင့် လုံခြုံရေးကိုအကြောင်းပြပြီးမှ သူတို့ရှုံးနိုင်တဲ့နေရာမှာ ရွေးကောက်ပွဲမကျင်းပဖို့ သူတို့မှာ plan တွေရှိတယ်။ အဲ့လိုယုံကြည်ထားတယ်။ မဲစာရင်းလုပ်တဲ့ခါမှာလည်း မဲစာရင်းအမှန်ရအောင် မှန်မှန်ကန်ကန်မလုပ်ခဲ့ဘူး။ အခု တပ်မတော်က စိစစ်တဲ့ အဖြေကိုကြည့်မယ်ဆိုရင် ပလက်ဝမြို့နယ်မှာ လက်ရှိရွေးကောက်ပွဲကျင်းပတဲ့နယ်မြေမဲစာရင်းက တစ်သောင်းခွဲလောက်ပဲရှိတယ်။ မှတ်ပုံတင်နံပါတ်တစ်ခုဟာ လူအယောက် ၁၄၀၀ ပေါ်ပေါက်လာတယ်။ အမည်ကိုပြောင်းလိုက်၊ အဖေနာမည်၊ အမေနာမည်ပြောင်းလိုက်နဲ့ပေါ့။ ရွေးကောက်ပွဲကျင်းပတဲ့ကာလမှာလည်း နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့သူတွေလည်း မဲရုံမှူးအဖြစ်ခန့်ထားတယ်။ ဆမီးမြို့ အမှတ် ၂ ရပ်ကွက်က မဲရုံမှူးဆိုရင် နိုင်ငံ့ဝန်ထမ်းမဟုတ်ဘူး။ ရွေးကောက်ပွဲကာလတစ်လျှောက်မှာ အသား၊ ငါးနဲ့ လာဒ်ပေးလာဒ်ယူမှုလုပ်တာ။ ဆိုလိုတာက စစ်ဘေးရှောင်တွေကူညီတယ်ဆိုပြီး ပလက်ဝမြို့ပေါ်နဲ့ ဆမီးမြို့ပေါ်မှာ နိုဝင်ဘာလ ၅ ရက်က အသား၊ ငါးတွေဝေပေးတယ်။ တခြားစစ်ဘေးရှောင်ကျတော့မပေးဘဲ မဲပေးမယ်သူ စစ်ဘေးရှောင်တွေပဲပေးတာ။ အဲ့လိုလုပ်တဲ့တွက်ကြောင့် ဆမီးမြို့အမှတ် (၂)ရပ်ကွက် မဲရုံ ၃ က စစ်ဘေးရှောင်တွေမဲပေးတဲ့မဲရုံဖြစ်တယ်။ အဲ့မှာ ဦးစိန်အောင်က သိသိသာသာမဲများတယ်။ သူတို့က အသား၊ငါး ငွေကြေးတွေနဲ့လဒ်ပေးလို့။ သူက မဲ ၆၀၀ ေလာက္ရတယ်။ ကျနော်က ၃၀၀ ေလာက္ရတယ်။ အဲ့ဒါကိုဖယ်လိုက်ရင် ကျနော်က အေးဆေးနိုင်သွားမယ်။ ပိုက်ဆံလည်း ၅ ထောင်၊ ၁ သောင်းပေးတာရှိတယ်။ ကော်မရှင်က နိုဝင်ဘာလ (၇)ရက်ဆို မဲဆွယ်လို့မရတော့ဘူး။ အဲ့ဒါကို ဦးစိန်အောင်ကမလိုက်နာဘူး။ တရားဟောသေးတယ်။ ပိုက်ဆံတွေဝေသေးတယ်။ အားလုံးပေါင်း အချက် ၉ ချက်နဲ့ ကန့်ကွက်စာတင်ထားတယ်” လို့ပြောပါတယ်။

ယင်းကန့်ကွက်လွှာကို ဆလိုင်းခွဲယန်က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ စာတင်ထားပါတယ်။

ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် NLD ပါတီမှ ဦးစိန်အောင် (၃၅၄၉)မဲ ရရှိပြီး ပြည်ခိုင်ဖြိုးပါတီမှ ဆလိုင်းခွဲယန်က (၃၃၄၆)မဲရရှိတဲ့အတွက် မဲ (၂၀၃)သာကွာဟပါတယ်။

ဖလမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရတဲ့ ဒေါက်တာဆလိုင်းရီယန်ဗဲလ်

ဦးစိန်အောင်က “အမှုတွဲမရောက်သေးလို့ ဘာကြောင့်ကန့်ကွက်တာလဲဆိုတာ မသိရသေးဘူး။ ဖြစ်လာရင်တော့ အမှုပေါ်မှာမူတည်ပြီးလုပ်စရာရှိတာလုပ်ရမှာပေါ့နော်။ လောလောဆယ်တော့ ပြောဖို့နည်းနည်းစောသေးလို့နော်”လို့ပြောပါတယ်။

ဒါ့ပြင် ဖလမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် NLD ပါတီမှ အနိုင်ရ ဒေါက်တာဆလိုင်းရီယန်ဗဲလ်ကိုလည်း ဖလမ်းမြို့အခြေစိုက်တဲ့ ခ.လ.ယ (၂၆၈)တပ်ရင်းမှ တပ်မတော်သားတစ်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်ထားတယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာဆလိုင်းရီယန်ဗဲလ်က “မဲပေးတဲ့သူတွေထဲမှာ အဖေ အမေနာမည်တူဘယ်နယောက်ရှိတယ်ဆိုပြီးတင်ထားတယ်။ ဘယ်ရွာမှာ ကျနော်တို့ပါတီက ဟောပြောပွဲမှာ ဘယ်သူရဲ့မကောင်းကြောင်းကို ဘယ်လိုပြောလဲဆိုတာလည်းပါတယ်။ ဒါပေမယ့် တင်ပြထားတဲ့နာမည်က ကျနော့်ဟောပြောကိုယ်စားလှယ်မဟုတ်ဘူးလေ။ ကျနော့်ဘက်ကတော့ ဘာမှအပြစ်မရှိဘူးလို့ယူဆတယ်”လို့ပြောပါတယ်။

တပ်မတော်ကထုတ်ပြန်တဲ့ ဖလမ်းမြို့နယ် မဲစာရင်းပုံစံ (၁)တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော်မဲစာရင်းများတွင် မဲ (၃၈၄၃) ရှိပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္တြင္ အႏိုင္ရ NLD ကိုယ္စားလွယ္ေလာင္း ၂ ဦးကို ျပည္ခိုင္ၿဖိဳးပါတီနဲ႔ တပ္မေတာ္သားတစ္ဦးက ကန႔္ကြက္လႊာတင္

ေ႐ြးေကာက္ပြဲအႏိုင္ရရွိတဲ့ ခ်င္းျပည္နယ္ NLD ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂ ဦးျဖစ္တဲ့ ဦးစိန္ေအာင္ (ပလက္ဝ) နဲ႔ ေဒါက္တာဆလိုင္းရီယန္ဗဲလ္ (ဖလမ္း) တို႔ကို ျပည္ခိုင္ၿဖိဳးပါတီနဲ႔ တပ္မေတာ္သားတစ္ဦးက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ ကန႔္ကြက္လႊာတင္ထားတယ္လို႔သတင္းရရွိပါတယ္။

ဦးစိန္ေအာင္ကို ကန႔္ကြက္တဲ့ ျပည္ခိုင္ၿဖိဳးပါတီမွ ဆလိုင္းခြဲယန္က “ပထမေတာ့ မတင္ေတာ့ဘူး ဒီလိုပဲစိတ္ရွည္လက္ရွည္ေနလိုက္မယ္ေပါ့။ ေနာက္က်ေတာ့ တျဖည္းျဖည္း အေျဖေပၚလာတဲ့ခါက်ေတာ့ မတရားမႈ၊ မသမာမႈေတြမ်ားလာေတာ့ ဒါက်ေနာ့္အတြက္ ကန႔္ကြက္တာမဟုတ္ဘူး။ လာမယ့္ အနာဂတ္အတြက္ ေနာင္မွာမႀကဳံရေလေအာင္ ကန႔္ကြက္စာတင္ရတာျဖစ္တယ္။ ပထမခ်က္ေတာ့ ေ႐ြးေကာက္ပြဲ တရာမမွ်တဘူး။ နံပါတ္ ၂ က ဦးစိန္ေအာင္ကို ကန႔္ကြက္တယ္ဆိုတာ က်ေနာ္နဲ႔ သူက ၿပိဳင္ဘက္ဆိုေတာ့ တကယ္လို႔ ဒီမသမာမႈေတြသာမရွိဘူးဆိုရင္ က်ေနာ္သာ အႏိုင္ရတဲ့သူျဖစ္သင့္တယ္။ ဦးစိန္ေအာင္က အႏိုင္ရသူျဖစ္မွာမဟုတ္ဘူးဆိုတဲ့ အခ်က္ပဲ။ အေၾကာင္းျပခ်က္ေတြကေတာ့ ေ႐ြးေကာက္ပြဲေၾကညာတဲ့ခါမွာ ပထမေတာ့ ပလက္ဝတစ္ခုလုံး ေ႐ြးေကာက္ပြဲက်င္းပမယ္။ ေနာက္ ေအာက္တိုဘာ ၂၇ ေ႐ြးေကာက္ပြဲနီးတဲ့ခါက်ေတာ့ ေက်း႐ြာ၊ ရပ္ကြက္အုပ္စုေပါင္း ၉၄ ခုမွာ ေ႐ြးေကာက္ပြဲက်င္းပမွာမဟုတ္ဘူးလို႔ေၾကညာတယ္။ ဒီေပၚမွာလည္းမေက်နပ္ဘူး။ အခုက်င္းပတဲ့ ေနရာမွာေကာ တကယ္လုံၿခဳံရဲ႕လာ။ ေ႐ြးေကာက္ပြဲမက်င္းပတဲ့ေနရာကေကာ တကယ္မလုံၿခဳံဘူးလာဆိုတာ မေက်နပ္ဘူး။ ပလက္ဝၿမိဳ႕နယ္မွာ NLD က ရႈံးဖို႔အလားအလာရွိတယ္။ ဒါေၾကာင့္ လုံၿခဳံေရးကိုအေၾကာင္းျပၿပီးမွ သူတို႔ရႈံးႏိုင္တဲ့ေနရာမွာ ေ႐ြးေကာက္ပြဲမက်င္းပဖို႔ သူတို႔မွာ plan ေတြရွိတယ္။ အဲ့လိုယုံၾကည္ထားတယ္။ မဲစာရင္းလုပ္တဲ့ခါမွာလည္း မဲစာရင္းအမွန္ရေအာင္ မွန္မွန္ကန္ကန္မလုပ္ခဲ့ဘူး။ အခု တပ္မေတာ္က စိစစ္တဲ့ အေျဖကိုၾကည့္မယ္ဆိုရင္ ပလက္ဝၿမိဳ႕နယ္မွာ လက္ရွိေ႐ြးေကာက္ပြဲက်င္းပတဲ့နယ္ေျမမဲစာရင္းက တစ္ေသာင္းခြဲေလာက္ပဲရွိတယ္။ မွတ္ပုံတင္နံပါတ္တစ္ခုဟာ လူအေယာက္ ၁၄၀၀ ေပၚေပါက္လာတယ္။ အမည္ကိုေျပာင္းလိုက္၊ အေဖနာမည္၊ အေမနာမည္ေျပာင္းလိုက္နဲ႔ေပါ့။ ေ႐ြးေကာက္ပြဲက်င္းပတဲ့ကာလမွာလည္း ႏိုင္ငံ့ဝန္ထမ္းမဟုတ္တဲ့သူေတြလည္း မဲ႐ုံမႉးအျဖစ္ခန႔္ထားတယ္။ ဆမီးၿမိဳ႕ အမွတ္၂ ရပ္ကြက္က မဲ႐ုံမႉးဆိုရင္ ႏိုင္ငံ့ဝန္ထမ္းမဟုတ္ဘူး။ ေ႐ြးေကာက္ပြဲကာလတစ္ေလွ်ာက္မွာ အသား၊ ငါးနဲ႔ လာဒ္ေပးလာဒ္ယူမႈလုပ္တာ။ ဆိုလိုတာက စစ္ေဘးေရွာင္ေတြကူညီတယ္ဆိုၿပီး ပလက္ဝၿမိဳ႕ေပၚနဲ႔ ဆမီးၿမိဳ႕ေပၚမွာ ႏိုဝင္ဘာလ ၅ ရက္က အသား၊ ငါးေတြေဝေပးတယ္။ တျခားစစ္ေဘးေရွာင္က်ေတာ့မေပးဘဲ မဲေပးမယ္သူ စစ္ေဘးေရွာင္ေတြပဲေပးတာ။ အဲ့လိုလုပ္တဲ့တြက္ေၾကာင့္ ဆမီးၿမိဳ႕အမွတ္ (၂)ရပ္ကြက္ မဲ႐ုံ ၃ က စစ္ေဘးေရွာင္ေတြမဲေပးတဲ့မဲ႐ုံျဖစ္တယ္။ အဲ့မွာ ဦးစိန္ေအာင္က သိသိသာသာမဲမ်ားတယ္။ သူတို႔က အသား၊ငါး ေငြေၾကးေတြနဲ႔လဒ္ေပးလို႔။ သူက မဲ ၆၀၀ ေလာက္ရတယ္။ က်ေနာ္က ၃၀၀ ေလာက္ရတယ္။ အဲ့ဒါကိုဖယ္လိုက္ရင္ က်ေနာ္က ေအးေဆးႏိုင္သြားမယ္။ ပိုက္ဆံလည္း ၅ ေထာင္၊ ၁ ေသာင္းေပးတာရွိတယ္။ ေကာ္မရွင္က ႏိုဝင္ဘာလ (၇)ရက္ဆို မဲဆြယ္လို႔မရေတာ့ဘူး။ အဲ့ဒါကို ဦးစိန္ေအာင္ကမလိုက္နာဘူး။ တရားေဟာေသးတယ္။ ပိုက္ဆံေတြေဝေသးတယ္။ အားလုံးေပါင္း အခ်က္ ၉ ခ်က္နဲ႔ ကန႔္ကြက္စာတင္ထားတယ္” လို႔ေျပာပါတယ္။

ယင္းကန႔္ကြက္လႊာကို ဆလိုင္းခြဲယန္က ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္တြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ထံ စာတင္ထားပါတယ္။

ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရတဲ့ ဦးစိန်အောင်

ပလက္ဝၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနရာအတြက္ NLD ပါတီမွ ဦးစိန္ေအာင္ (၃၅၄၉)မဲ ရရွိၿပီး ျပည္ခိုင္ၿဖိဳးပါတီမွ ဆလိုင္းခြဲယန္က (၃၃၄၆)မဲရရွိတဲ့အတြက္ မဲ (၂၀၃)သာကြာဟပါတယ္။

ဦးစိန္ေအာင္က “အမႈတြဲမေရာက္ေသးလို႔ ဘာေၾကာင့္ကန႔္ကြက္တာလဲဆိုတာ မသိရေသးဘူး။ ျဖစ္လာရင္ေတာ့ အမႈေပၚမွာမူတည္ၿပီးလုပ္စရာရွိတာလုပ္ရမွာေပါ့ေနာ္။ ေလာေလာဆယ္ေတာ့ ေျပာဖို႔နည္းနည္းေစာေသးလို႔ေနာ္”လို႔ေျပာပါတယ္။

ဒါ့ျပင္ ဖလမ္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ NLD ပါတီမွ အႏိုင္ရ ေဒါက္တာဆလိုင္းရီယန္ဗဲလ္ကိုလည္း ဖလမ္းၿမိဳ႕အေျခစိုက္တဲ့ ခ.လ.ယ (၂၆၈)တပ္ရင္းမွ တပ္မေတာ္သားတစ္ဦးက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ ကန႔္ကြက္လႊာတင္ထားတယ္လို႔သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေဒါက္တာဆလိုင္းရီယန္ဗဲလ္က “မဲေပးတဲ့သူေတြထဲမွာ အေဖ အေမနာမည္တူဘယ္နေယာက္ရွိတယ္ဆိုၿပီးတင္ထားတယ္။ ဘယ္႐ြာမွာ က်ေနာ္တို႔ပါတီက ေဟာေျပာပြဲမွာ ဘယ္သူရဲ႕မေကာင္းေၾကာင္းကို ဘယ္လိုေျပာလဲဆိုတာလည္းပါတယ္။ ဒါေပမယ့္ တင္ျပထားတဲ့နာမည္က က်ေနာ့္ေဟာေျပာကိုယ္စားလွယ္မဟုတ္ဘူးေလ။ က်ေနာ့္ဘက္ကေတာ့ ဘာမွအျပစ္မရွိဘူးလို႔ယူဆတယ္”လို႔ေျပာပါတယ္။

တပ္မေတာ္ကထုတ္ျပန္တဲ့ ဖလမ္းၿမိဳ႕နယ္ မဲစာရင္းပုံစံ (၁)တြင္ မဲမသမာမႈျပဳႏိုင္သည့္ ထပ္ေနေသာ္မဲစာရင္းမ်ားတြင္ မဲ (၃၈၄၃) ရွိပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်