ချင်းပြည်နယ်မှ မကွေးတိုင်းသို့ပါသွားတဲ့ ရွှေအောင်သာကျေးရွာကို မူလအတိုင်းပြန်လည်သတ်မှတ်ဖို့ ဆန္ဒဖော်ထုတ်တောင်းဆိုမယ်

မင်းတပ်မြို့နယ် ရွှေအောင်သာကျေးရွာကို မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်သို့ ယခင်နှစ်တွင်ပြောင်းလဲသတ်မှတ်ခြင်းကြောင့် ယခင်အတိုင်းပြန်လည်သတ်မှတ်ဖို့ မင်းတပ်မြို့တွင် ဒီဇင်ဘာလ (၂၂)ရက်တွင် ဆန္ဒဖော်ထုတ်ပြီးတောင်းဆိုသွားမယ်လို့သတင်းရရှိပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၃၀)ရက် နေ့စွဲဖြင့် ရွှေအောင်သာကျေးရွာကို မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်းတည်ရှိတယ်လို့ တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ ကျေးရွာများစာအုပ်တွင်ဖော်ပြထားပါတယ်။

အခုလို ဆန္ဒဖော်ထုတ်ရခြင်းနဲ့ပတ်သက်ပြီး ဦးဆောင်သူ ဦးဂေကီးက “ရွှေအောင်သာရွာသား ၁၉ ဦးကို ဆောမြို့နယ် သစ်တော်ဦးစီးဌာနက သစ်တောနယ်ကိုကျူးကျော်တယ်ဆိုပြီး ၇ လပိုင်းကတည်းက တရားဆွဲဆိုတာထားတယ်။ တရားသူကြီးကနေ အိမ်မဖျက်လို့ရှိရင် အရေးယူရမယ်ဆိုပြီးပြောတယ်။ ခု တစ်အိမ်တော့ဖျက်လိုက်ပြီ။ ကျနော်တို့ ဆန္ဒဖော်ထုတ်ရတဲ့အကြောင်းရင်းက အချက် (၄)ချက်ရှိတယ်” လို့ပြောပါတယ်။

ရွှေအောင်သာကျေးရွာဟာ အိမ်ခြေ ၂၃ အိမ်ရှိပြီး ၂၀၁၀၊ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မင်းတပ်မြို့နယ် မဲစာရင်းတွင်ပါဝင်ကြပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်မူ ဆောမြို့နယ်မဲစာရင်းတွင် ထည့်သွင်းကြပါတယ်။

ဆန္ဒဖော်ထုတ်ရမယ့်အကြောင်းရင်း အချက် (၄)ချက်မှာ ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ မကွေးတိုင်း ထီးလင်းမြို့နယ် နဲ့ဆောမြို့နယ်ကြားနယ်နမိတ်များကို နဂိုမူလအတိုင်းပြန်လည်သတ်မှတ်ပေးရန်၊ မင်းတပ်မြို့နယ် လှေ့ချမ်းအုပ်စုအတွင်းတည်ရှိတဲ့ ရွှေအောင်သာကျေးရွာအား ထီးလင်းမြို့နယ်တွင် ထည့်သွင်းခြင်းလုံးဝမပြုလုပ်ရန်၊ မကွေးတိုင်းဘက်မှ နယ်နိမိတ်ကျူးကျော်မှုများနဲ့ ရွှေအောင်သာရှိ အပြစ်မဲပြည်သူများအား တရားစွဲဆိုခြင်းချက်ခြင်းရပ်၊ ရွှေအောင်သာ ချင်းပြည်သူလူထုရဲ့ နေအိမ်များဖျက်ဆီးရန်အမိန့်ပေးညွှန်ကြားခြင်းများ၊ ရပ်ရန်နှင့် ချင်းပြည်သူလူထူရဲ့ အသက်အိုးအိမ်ကို နိုင်ငံတော်အစိုးရမှ အပြည့်အဝ အကာအကွယ်ပေးရန် စသည်တို့ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို မနက် (၁၀)နာရီကနေ ညနေ (၄)နာရီထိ ကြာမြင့်မှာဖြစ်ပြီး ဦးဝမ္မသူးမောင်းပန်းခြံရှေ့တွင်စုရပ်သတ်မှတ်ထားပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္မွ မေကြးတုိင္းသုိ႔ပါသြားတဲ့ ေရႊေအာင္သာေက်းရြာကို မူလအတုိင္းျပန္လည္သတ္မွတ္ဖို႔ ဆႏၵေဖာ္ထုတ္ေတာင္းဆိုမယ္

မင္းတပ္ၿမိဳ႕နယ္ ေရႊေအာင္သာေက်းရြာကို မေကြးတုိင္းေဒသၾကီး ထီးလင္းၿမိဳ႕နယ္သို႔ ယခင္ႏွစ္တြင္ေျပာင္းလဲသတ္မွတ္ျခင္းေၾကာင့္ ယခင္အတုိင္းျပန္လည္သတ္မွတ္ဖို႔ မင္းတပ္ၿမိဳ႕တြင္ ဒီဇင္ဘာလ (၂၂)ရက္တြင္ ဆႏၵေဖာ္ထုတ္ၿပီးေတာင္းဆိုသြားမယ္လို႔သတင္းရရွိပါတယ္။

၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၃၀)ရက္ ေန႔စြဲျဖင့္ ေရႊေအာင္သာေက်းရြာကို မေကြးတုိင္းေဒသၾကီး ဂန္႔ေဂါခရိုင္၊ ထီးလင္းၿမိဳ႕နယ္အတြင္းတည္ရွိတယ္လို႔ တိုင္းေဒသၾကီး/ျပည္နယ္မ်ားႏွင့္ ေနျပည္ေတာ္အတြင္းရွိ ခရိုင္၊ ၿမိဳ႕နယ္၊ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု၊ ေက်းရြာမ်ားစာအုပ္တြင္ေဖာ္ျပထားပါတယ္။

အခုလို ဆႏၵေဖာ္ထုတ္ရျခင္းနဲ႔ပတ္သက္ၿပီး ဦးေဆာင္သူ ဦးေဂကီးက “ေရႊေအာင္သာရြာသား ၁၉ ဦးကို ေဆာၿမိဳ႕နယ္ သစ္ေတာ္ဦးစီးဌာနက သစ္ေတာနယ္ကိုက်ဴးေက်ာ္တယ္ဆိုၿပီး ၇ လပိုင္းကတည္းက တရားဆြဲဆိုတာထားတယ္။ တရားသူၾကီးကေန အိမ္မဖ်က္လို႔ရွိရင္ အေရးယူရမယ္ဆိုၿပီးေျပာတယ္။ ခု တစ္အိမ္ေတာ့ဖ်က္လိုက္ၿပီ။ က်ေနာ္တုိ႔ ဆႏၵေဖာ္ထုတ္ရတဲ့အေၾကာင္းရင္းက အခ်က္ (၄)ခ်က္ရွိတယ္” လို႔ေျပာပါတယ္။

ေရႊေအာင္သာေက်းရြာဟာ အိမ္ေျခ ၂၃ အိမ္ရွိၿပီး ၂၀၁၀၊ ၂၀၁၅ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္ မင္းတပ္ၿမိဳ႕နယ္ မဲစာရင္းတြင္ပါဝင္ၾကၿပီး ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္မူ ေဆာၿမိဳ႕နယ္မဲစာရင္းတြင္ ထည့္သြင္းၾကပါတယ္။

ဆႏၵေဖာ္ထုတ္ရမယ့္အေၾကာင္းရင္း အခ်က္ (၄)ခ်က္မွာ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္နဲ႔ မေကြးတုိင္း ထီးလင္းၿမိဳ႕နယ္ နဲ႔ေဆာၿမိဳ႕နယ္ၾကားနယ္နမိတ္မ်ားကို နဂိုမူလအတုိင္းျပန္လည္သတ္မွတ္ေပးရန္၊ မင္းတပ္ၿမိဳ႕နယ္ ေလွ႔ခ်မ္းအုပ္စုအတြင္းတည္ရွိတဲ့ ေရႊေအာင္သာေက်းရြာအား ထီးလင္းၿမိဳ႕နယ္တြင္ ထည့္သြင္းျခင္းလံုးဝမျပဳလုပ္ရန္၊ မေကြးတုိင္းဘက္မွ နယ္နိမိတ္က်ဴးေက်ာ္မႈမ်ားနဲ႔ ေရႊေအာင္သာရွိ အျပစ္မဲျပည္သူမ်ားအား တရားစြဲဆိုျခင္းခ်က္ျခင္းရပ္၊ ေရႊေအာင္သာ ခ်င္းျပည္သူလူထုရဲ႕ ေနအိမ္မ်ားဖ်က္ဆီးရန္အမိန္႔ေပးညႊန္ၾကားျခင္းမ်ား၊ ရပ္ရန္ႏွင့္ ခ်င္းျပည္သူလူထူရဲ႕ အသက္အိုးအိမ္ကို ႏိုင္ငံေတာ္အစိုးရမွ အျပည့္အဝ အကာအကြယ္ေပးရန္ စသည္တို႔ျဖစ္ပါတယ္။

ဆႏၵျပပြဲကို မနက္ (၁၀)နာရီကေန ညေန (၄)နာရီထိ ၾကာျမင့္မွာျဖစ္ၿပီး ဦးဝမၼသူးေမာင္းပန္းျခံေရွ႕တြင္စုရပ္သတ္မွတ္ထားပါတယ္။

 

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်