ချင်းပြည်နယ်ရဲ့အမှတ်အသားဖြစ်တဲ့ တောင်ဇလပ်နဲ့ ချယ်ရီပန်းတွေခုတ်ယူပါက အရေးယူမယ်လို့ထုတ်ပြန်

ခရစ္စမတ်ကာလရောက်လာတာနဲ့အညီ ချင်းပြည်နယ်ရဲ့ အမှတ်အသားဖြစ်တဲ့ တောင်ဇလပ်နဲပ ချယ်ရီပန်းတွေ ခုတ်ယူခြင်းမပြုလုပ်ရန် ချင်းပြည်နယ် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက ဒီကနေထုတ်ပြန်လိုက်ပါတယ်။

ယင်းစာတွင် ပျော်ပွဲရွှင်ပွဲများ အလှဆင်ကျင်းပရန်အတွက် တောင်ဇလပ်ပင်များ၊ ချယ်ရီပင်များနဲ့ အကိုင်းအခက်များဖြတ်တောက်သယ်ယူခြင်း မပြုကြရန်၊ ခုတ်ထွင်ပိုင်းဖြတ်သယ်ဆောင်ခြင်းများပြုလုပ်ပါက (၁၂-၅-၂၀၁၈)ခုနှစ်တွင်ပြဌာန်းထားတဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများမှကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ (၃၉၊၄၀၊၄၁)ဖြင့် အရေးယူဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်။

ချင်းပြည်နယ်အတွင်းရှိ တောင်ဇလပ် (နီ၊ဖြူ၊ဝါ) နဲ့ သစ်ခွပန်းတွေကို သစ်တောဦးစီးဌာနက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ (၁၁)ရက်တွင် မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် သဘာဝအပင်များစာရင်းတွင် ထည့်သွင်းထားပြီးဖြစ်ပါ၍ ယင်းအပင်များဖျက်ဆီးသူကို ထောင်ဒဏ် (၅)နှစ်အထိချမှတ်နိုင်တော့မယ်လို့သိရပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္ရဲ႕အမွတ္အသားျဖစ္တဲ့ ေတာင္ဇလပ္နဲ႔ ခ်ယ္ရီပန္းေတြခုတ္ယူပါက အေရးယူမယ္လို႔ထုတ္ျပန္

ခရစၥမတ္ကာလေရာက္လာတာနဲ႔အညီ ခ်င္းျပည္နယ္ရဲ႕ အမွတ္အသားျဖစ္တဲ့ ေတာင္ဇလပ္နဲပ ခ်ယ္ရီပန္းေတြ ခုတ္ယူျခင္းမျပဳလုပ္ရန္ ခ်င္းျပည္နယ္ သယံဇာတႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ သစ္ေတာဦးစီးဌာနက ဒီကေနထုတ္ျပန္လိုက္ပါတယ္။

ယင္းစာတြင္ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား အလွဆင္က်င္းပရန္အတြက္ ေတာင္ဇလပ္ပင္မ်ား၊ ခ်ယ္ရီပင္မ်ားနဲ႔ အကိုင္းအခက္မ်ားျဖတ္ေတာက္သယ္ယူျခင္း မျပဳၾကရန္၊ ခုတ္ထြင္ပိုင္းျဖတ္သယ္ေဆာင္ျခင္းမ်ားျပဳလုပ္ပါက (၁၂-၅-၂၀၁၈)ခုႏွစ္တြင္ျပဌာန္းထားတဲ့ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝထိန္းသိမ္းေရးနယ္ေျမမ်ားမွကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာ ဥပေဒ ပုဒ္မ (၃၉၊၄၀၊၄၁)ျဖင့္ အေရးယူေဆာင္႐ြက္သြားမယ္လို႔ေဖာ္ျပထားပါတယ္။

ခ်င္းျပည္နယ္အတြင္းရွိ ေတာင္ဇလပ္ (နီ၊ျဖဴ၊ဝါ) နဲ႔ သစ္ခြပန္းေတြကို သစ္ေတာဦးစီးဌာနက ၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာ (၁၁)ရက္တြင္ မ်ိဳးဆက္ပ်က္သုဥ္းမည့္အႏၲရာယ္ရွိသျဖင့္ ကာကြယ္ထားသည့္ သဘာဝအပင္မ်ားစာရင္းတြင္ ထည့္သြင္းထားၿပီးျဖစ္ပါ၍ ယင္းအပင္မ်ားဖ်က္ဆီးသူကို ေထာင္ဒဏ္ (၅)ႏွစ္အထိခ်မွတ္ႏိုင္ေတာ့မယ္လို႔သိရပါတယ္။

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်