ဂျူးလူမျိုးအဖြစ်ခံယူတဲ့ ချင်းအနွယ်ဝင် ၂၅၀ ကျော် အစ္စရေးနိုင်ငံသို့ပြောင်းရွေ့အခြေချ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသမှ ချင်းအနွယ်ဝင် ၂၅၂ ဦးဟာ ဂျူးလူမျိုးခံယူပြီး အစ္စရေးနိုင်ငံသို့ ဒီဇင်ဘာလ (၁၅)ရက်တွင် ဘင်ရိုရီယန်လေဆိပ်သို့ ရောက်ရှိလာကြတယ်လို့ အစ္စရေးနိုင်ငံ လ.ဝ.ကဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၎င်းတို့ဟာ အစ္စရေးလူမျိုး (၁၂)မျိုးထဲမှ Bnei Menashe လူမျိုးတွေဖြစ်တယ်လို့ မိမိကိုယ်ကိုခံယူကြပါတယ်။

ယခင်ကလည်း အိန္ဒိယ အရှေ့မြောက်ဒေသဖြစ်တဲ့ မီဇိုရမ်၊ မဏီပူရ်ဘက်မှ Bnei Menashe လူမျိုးအဖြစ်ခံယူသူအများအပြားဟာ အစ္စရေးနိုင်ငံကိုပြောင်းရွေ့တဲ့သူတွေရှိပါတယ်။

၂၀၁၃ ခုနှစ်တွင် အစ္စရေးနိုင်ငံသို့သွားရောက်လည်ပတ်တဲ့ ရန်ကုန်အခြေစိုက် BusinessPluse Travel & Tours ပိုင်ရှင် ကိုပါသဲက “ဂျေရိုဆလင်မှာလည်ပတ်ရင်း ချင်းစကားနဲ့ပြောနေတာကသိတဲ့ ဘေးနားက အဖွားအိုတစ်ဦးကိုတွေ့တော့ သူကနှုတ်ဆက်တော့ မီဇိုးအဖွားအိုဖြစ်နေတယ်။ သူ့သားသမီးတွေက ဒီမှာ တက္ကသိုလ်တက်နေတယ်တဲ့။ သူတို့သားသမီးတွေက ဂျူးစကားအရမ်းကျွမ်းနေတယ်။ သားတစ်ယောက် အစ္စရေးစစ်တပ်မှာ ဗိုလ်ကြီးအဆင့်လောက်ရောက်နေပြီ။ သူတို့ကိုကြည့်ရတာ ဒီမှာနေတာတော်တော်အခြေတကျဖြစ်နေပြီ။ သူတို့ရောက်ခါစ ဒီမှာအခက်အခဲရှိလာလို့မေးတော့။ မရှိဘူး။ အိုက်ဇောလ်မှာ ဂျူးဘုရားကျောင်းမှာသင်တန်းပေးပြီးသားမို့လို့ အခက်အခဲမရှိဘူးတဲ့။ ကလေးတစ်ယောက်ရဲ့သမီးရည်းစားဆိုရင် အဲ့မှာမွေးတယ်တဲ့။ သူ့မိဘတွေက မဏီပူရ်ဘက်လာတယ်။ သူ့အသက် ၁၇၊ ၁၈ နှစ်လောက်ရှိပြီ” လို့ပြောပါတယ်။

အခုလို အယူအဆဟာ ချင်းပြည်နယ် မြောက်ပိုင်းမြို့နယ်တွေမှာလည်း အနည်းငယ်ရှိပါတယ်။

(Zawgyi)

ဂ်ဴးလူမ်ဳိးအျဖစ္ခံယူတဲ့ ခ်င္းအႏြယ္ဝင္ ၂၅၀ ေက်ာ္ အစၥေရးႏိုင္ငံသို႔ေျပာင္းေရြ႕အေျခခ်

အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ေဒသမွ ခ်င္းအႏြယ္ဝင္ ၂၅၂ ဦးဟာ ဂ်ဴးလူမ်ိဳးခံယူၿပီး အစၥေရးႏိုင္ငံသို႔ ဒီဇင္ဘာလ (၁၅)ရက္တြင္ ဘင္႐ိုရီယန္ေလဆိပ္သို႔ ေရာက္ရွိလာၾကတယ္လို႔ အစၥေရးႏိုင္ငံ လ.ဝ.ကဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

၄င္းတို႔ဟာ အစၥေရးလူမ်ဳိး (၁၂)မ်ဳိးထဲမွ Bnei Menashe လူမ်ဳိးေတြျဖစ္တယ္လုိ႔ မိမိကိုယ္ကုိခံယူၾကပါတယ္။

ယခင္ကလည္း အိႏိၵယ အေရွ႕ေျမာက္ေဒသျဖစ္တဲ့ မီဇိုရမ္၊ မဏီပူရ္ဘက္မွ Bnei Menashe လူမ်ဳိးအျဖစ္ခံယူသူအမ်ားအျပားဟာ အစၥေရးႏိုင္ငံကိုေျပာင္းေရြ႕တဲ့သူေတြရွိပါတယ္။

၂၀၁၃ ခုႏွစ္တြင္ အစၥေရးႏိုင္ငံသို႔သြားေရာက္လည္ပတ္တဲ့ ရန္ကုန္အေျခစိုက္ BusinessPluse Travel & Tours ပိုင္ရွင္ ကိုပါသဲက “ေဂ်ရိုဆလင္မွာလည္ပတ္ရင္း ခ်င္းစကားနဲ႔ေျပာေနတာကသိတဲ့ ေဘးနားက အဖြားအိုတစ္ဦးကိုေတြ႔ေတာ့ သူကႏႈတ္ဆက္ေတာ့ မီဇိုးအဖြားအိုျဖစ္ေနတယ္။ သူ႔သားသမီးေတြက ဒီမွာ တကၠသိုလ္တက္ေနတယ္တဲ့။ သူတို႔သားသမီးေတြက ဂ်ဴးစကားအရမ္းကၽြမ္းေနတယ္။ သားတစ္ေယာက္ အစၥေရးစစ္တပ္မွာ ဗိုလ္ၾကီးအဆင့္ေလာက္ေရာက္ေနၿပီ။ သူတို႔ကိုၾကည့္ရတာ ဒီမွာေနတာေတာ္ေတာ္အေျခတက်ျဖစ္ေနၿပီ။ သူတို႔ေရာက္ခါစ ဒီမွာအခက္အခဲရွိလာလို႔ေမးေတာ့။ မရွိဘူး။ အိုက္ေဇာလ္မွာ ဂ်ဴးဘုရားေက်ာင္းမွာသင္တန္းေပးၿပီးသားမို႔လို႔ အခက္အခဲမရွိဘူးတဲ့။ ကေလးတစ္ေယာက္ရဲ႕သမီးရည္းစားဆိုရင္ အဲ့မွာေမြးတယ္တဲ့။ သူ႔မိဘေတြက မဏီပူရ္ဘက္လာတယ္။ သူ႔အသက္ ၁၇၊ ၁၈ ႏွစ္ေလာက္ရွိၿပီ” လို႔ေျပာပါတယ္။

အခုလို အယူအဆဟာ ခ်င္းျပည္နယ္ ေျမာက္ပိုင္းၿမိဳ႕နယ္ေတြမွာလည္း အနည္းငယ္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်