စစ်ကောင်စီကျူးလွန်မှုတွေ ICC က လွှဲပြောင်းကိုင်တွယ်ဖို့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး တိုက်တွန်း

ချစ်ခြင်းနွေ

၂၇၊ စက်တင်ဘာ

မြန်မာနိုင်ငံမှာ  စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးရွားလာနေပြီး ပြစ်မှု ကျူးလွန်သူတွေကို အရေးယူခြင်း မရှိတာတွေကြောင့် ဒီကိစ္စကို ICC – နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကိုင်တွယ် ဖြေရှင်းနိုင်ရေး လုံခြုံရေးကောင်စီက အဆိုပြုပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Volker Turk က စက်တင်ဘာ ၂၆ရက် နေ့က  တိုက်တွန်းတောင်းဆို ထားပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ မနေ့က  ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ ကော်မရှင်နာမင်းကြီးက အစီရင်ခံ တင်သွင်းတဲ့အထဲ ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ထိတ်လန့် တုန်လှုပ်ဖွယ် တိုက်ခိုက်မှုတွေ ခံနေရပြီး လူ့အခွင့်အရေးတွေ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံနေရပြီး အသက်ရှင် ရပ်တည်မှုနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေလည်း ပြိုကျ ပျက်ဆီးခြင်းနဲ့ ရင်ဆိုင်နေကြရတယ်လို့  ကုလ ကော်မရှင်မင်းကြီးက ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ လေကြောင်းက တိုက်ခိုက်မှု၊ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးမှု လုပ်ဆောင်နေကာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတာပြီး စစ်ကောင်စီတပ်အပါအဝင် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အစုအဖွဲ့တွေရဲ့ လက်ချက်ကြောင့် အနည်ဆုံး လူပေါင်း ၄,၁၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

မြန်မာစစ်တပ်ဟာ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ကျူးလွန်နေတဲ့အပြင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ စာနာမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ပေးပို့ခွင့်ပြုဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အကြိမ်ကြိမ် တောင်းဆိုတာကိုလည်း လူမဆန်စွာ မျက်ကွယ်ပြုနေတယ်လို့လည်း ဆိုပါတယ်။ 

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Volker Turk က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကနေ အခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အကြားဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိင်ငံအတွင်းက အခြေအနေတွေကို တင်ပြတဲ့ အစီရင်ခံ မှာ အဲဒီကာလအတွင်း မြန်မာစစ်ကောင်စီတပ်ဟာ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပိုတိုး လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို စစ်ကောင်စီဟာ အခုချိန်ထိ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့ကိစ္စကိုလည်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Volker Turkက အစီရင်ခံစာမှာ ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်