စစ်ကောင်စီက ဆည်တောရွာသားရဲ့ ဦးခေါင်းကိုသေနတ်နဲ့ပစ်လို့သေဆုံး

EC/ ၇၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ကလေးမြို့နယ်၊ ကလေး-ဂန့်ဂေါကားလမ်းပေါ်ရှိ ဆည်တောကျေးရွာ (Angteng khua)သား အသက် ၅၀ ဝန်းကျင် ဦးအုပ်မော (U Uk Mawi) ကို စစ်ကောင်စီတပ်သားများက မနေ့ အောက်တိုဘာ ၆ ရက်မနက်ပိုင်းတွင် ဦးခေါင်းမှာ သေနတ်နဲ့ပစ်လို့ သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ဆည်တောရွာအနီး မဏီပူရ်မြစ်ပေါ်တည်ဆောက်ထားတဲ့ ကမ္ဘားနီတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားများက ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

Zalen ad

CNDF ကာကွယ်ရေးအတွင်းရေးမှူး ဆလိုင်းမိုးစက်စ်က “ကမ္ဘားနီတံတား စခန်းမှူးက ဆည်တောရွာထဲ အဝင်အထွက်ရှိတယ်။ စခန်းကိုလာတိုက်ရင် တစ်ရွာလုံးမီးရှို့ပစ်မယ်လို့ အမြဲတမ်းခြိမ်းခြောက်တယ်။ တလောက ကမ္ဘားနီတံတားစခန်းကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ဖို့စီစဉ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မဖော်ခဲ့ဘူး။ မနေ့က စစ်ကောင်စီစခန်းမှူးက ဦးအုပ်မောကို ဟင်းသီးဟင်းရွက်တွေလာပို့ပေးပါလို့ အကူအညီတောင်းတော့ သွားပို့ပြီးတော့ ပြန်မလာတော့ဘူး။ အလောင်းကို စခန်းနားမှာ နေ့လည် ၁၂ နာရီလောက်က တွေ့တယ်။ ဦးအုပ်မောက စစ်ကောင်စီ ဒလန်မဟုတ်ဘူး။ ရပ်ကျိုးရွာကျိုးအတွက် အလုပ်လုပ်တဲ့သူပါ”လို့ပြောပါတယ်။

စစ်ကောင်စီက ဦးအုပ်မောရဲ့ ဦးခေါင်းကို သေနတ်နဲ့ အနီးကပ်ပစ်သွားတဲ့ပုံပေါ်ပြီး ဦးနှောက်ပါ ပေါက်ထွက်သွားပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ...

ဆက်ဖတ်ရန်