စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကန်ပလက်တွင် အသက်ကြီးပိုင်း ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

ချင်းပြည်နယ်၊ ကန်ပလက်မြို့နယ်တွင် ဒီဇင်ဘာလ ၁၀ ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်သားများ၏ လက်နက်ငယ်ဖြင့် စစ်ဘေးရှောင်များ ရှိရာနေကို ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် အသက်ကြီးပိုင်း ၃ ဦးဟာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ကန်ပလက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဖြစ်စဉ်ကတော့ သူလို့ မကွေးဘက်ကနေ ကျွန်တော်တို့ဘက်ကို စစ်ကြောင်းလာထိုးတာ။ ဒါကို ကျွန်တော်တို့က ကြိုတင်စောင့်ခဲ့တာကို သတင်းရလို့ သူတို့ ချက်ချင်း ပြန်ဆုတ်သွားရင်း ဒီလို လက်နက်ငယ်များဖြင့် စစ်ဘေးရှောင်တွေရှိတဲ့နေရာကို သူတို့ ပစ်တာ။ အသက်ကြီးပိုင်း အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်” လို့ CDF-Kanpetlet တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒဏ်ရာ ရရှိခဲ့သော အသက်ကြီးပိုင်း ၃ ဦးဟာ အသက် ၆၀ ကနေ ၇၀ အကြားတွင်ရှိသောသူများဖြစ်ပြီး လက်ရှိအချိန်တွင် တပ်ရင်းကနေပြီး ဆေးဝါးကုသပေးနေကြောင်း ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်