စစ်တပ်က ယူသွားတဲ့ ဒိုဆွမ်းကိမ် အလောင်းကို ဇာတိ ထေးဇန်ကျေးရွာသို့သယ်ဆောင်

ကလေးမြို့ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ် အေဂျီဘုရားကျောင်းရှေ့မှာ မနေ့ (မတ် ၁ရ) ညနေပိုင်း စစ်တပ်က ပစ်ခတ်လို့ တာန်ဒိုဆွမ်းကိမ် (၂၀ နှစ်)ဟာ သေဆုံးပြီး အလောင်းကို စစ်တပ်က ယူဆောင်သွားပါတယ်။

၎င်းသေဆုံးတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မျက်မြင်တစ်ဦးက “တာဟန်းအေဂျီဘုရားကျောင်းရှေ့မှာ သူ့အစ်ကိုနဲ့ ဒိုင်းအတူကာတာ။ ဒိုင်းကို ကျည်ဖောက်ပြီး သူ့ကိုမှန်တာ။ ဟိုဘက်ကလည်း တက်လာရော ပြေးရင်းနဲ့ အစ်ကိုက ဆွဲတာမရဘူးလို့ ကျန်သွားတယ်” လို့ပြောပါတယ်။

အလောင်းကို ဇာတိဖြစ်တဲ့ တီးတိန်မြို့နယ် ထေးဇန်ကျေးရွာသို့ ဒီနေ့သယ်ဆောင်ပြီး မနက်ဖြန် (၂)နာရီတွင် မြေမြှုပ်သဂြိုလ်မှာဖြစ်ပါတယ်။

Zalen ad

မနေ့ည ကလေးမြို့တွင် စစ်တပ်နဲ့ ရဲ က ပြည်သူတွေကို ပစ်ခတ်လို့ လူ (၄)ဦးသေဆုံးသွားပါတယ်။ ကျဆုံးသွားတဲ့ နွေဦးသူရဲကောင်းတွေကတော့ တောင်ဇလပ်ရပ်ကွက် ဆလိုင်းကျူံးလျန်ကျဲအို (၂၅ နှစ်)၊ တောင်ဖီလာရပ်ကွက်က ဦးကျော်မြင့်ဝင်း (၄၂နှစ်)၊ တာဟန်းမှာ ပစ်သတ်ခံရတဲ့ ခိုင်ကမ်းမြို့က ဦးကျင်ခန့်မာန် (၂၇ နှစ်)၊ တာဟန်း အေဂျီဘုရားကျောင်းရှေ့မှာကျည်ထိကျဆုံးတဲ့ တာန်ဒိုဆွမ်းကိမ် (၂၀ နှစ်) စသည်တို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင်းနဲ့ ဆူးရ်ဘုမ်လေဆိပ်ကို အကြမ်းဖက်စစ်​ကောင်စီတပ်များပြန်လည် ရယူ၊ မြို့အနီးစစ်ရေးတင်းမာနေဆဲ

ဧပြီ ၂၅၊ ၂၀၂၆Zalen ဖလမ်းမြို့တွင်းနဲ့ ဆူးရ်ဘုန်​လေဆိပ် ပြန်လည် ရရှိ​ရေးတွက် အကြမ်းဖက်စစ်တပ်ဟာ မနေ့က ညပိုင်း ၁၀:၃၀ချိန်ထိအောင် ပြင်းထန်တဲ့ လေကြောင်းထိုးစစ်များပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ဧပြီ ၂၅ရက် ဒီနေ့ မနက်ပိုင်းမှာတော့ ဖလမ်းမြို့သို့ ဝင်ရောက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။ ...

ဆက်ဖတ်ရန်