ဆိုင်ကယ်ပေါ်ကအမျိုးသမီးကိုင်ဆောင်ထားတဲ့ပိုက်ဆံအိတ်ကို လူတစ်စုလုယူမှုဖြစ်ပွား

ဆိုင်ကယ်ပေါ်ကအမျိုးသမီးကိုင်ဆောင်ထားတဲ့ပိုက်ဆံအိတ်ကို လူတစ်စုလုယူမှုဖြစ်ပွား

ကလေးမြို့ တာဟန်းရပ်ကွက်မှာ ဘုရားကျောင်းမှအိမ်သို့ ဆိုင်ကယ်နဲ့ပြန်လာစဉ် အသက် (၅၆)နှစ်အရွယ်အမျိုးသမီးကိုင်ဆောင်ထားတဲ့ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးတဲ့လူတစ်စုက လုယူမှု ဇူလိုင် ၂၀ ရက် ည ၉ နာရီမှာဖြစ်ပွားပါတယ်။

ဖြစ်စဉ်မှာ ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ ၁၃ မှာနေထိုင်တဲ့ ဦးရိုနေပုမ် နဲ့ ဒေါ်ဗန်လာလ်ကုန်းတို့ဟာ ဇူလိုင်လ ၂၀ရက်ညမှာ ဘုရားကျောင်းမှအပြန် တာဟန်း Methodist ဘုရားကျောင်း ခန်းမနဲ့ New Light သောက်ရေသန့်စက်ရုံကြားမှာ အခုလိုလုယှစ်မှုခံရတာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ ၁၃ မှာနေထိုင်တဲ့ ဦးရိုနေပုမ် နဲ့ ဒေါ်ဗန်လာလ်ကုန်းတို့ဟာ ဇူလိုင်လ ၂၀ရက်ညမှာ ဘုရားကျောင်းမှအပြန် တာဟန်း Methodist ဘုရားကျောင်း ခန်းမနဲ့ New Life သောက်ရေသန့်စက်ရုံကြားမှာ အခုလိုလုယှစ်မှုခံရတာဖြစ်ပါတယ်။

ဦးရိုနေပုမ်ရဲ့သားတစ်ဦးက “အဖေက အမေကိုဆိုင်ကယ်နောက်မှာတင်ထားတယ်။ အမေက ပိုက်ဆံအိတ်ကိုလက်နဲ့ပိုက်ထားတယ်။ Methodist ဘုရားကျောင်း ခန်းမနဲ့ New Life သောက်ရေသန့်စက်ရုံကြား ရောက်တဲ့ချိန်မှာ ဆိုင်ကယ်တစ်စီးက သူတို့ကိုကျော်တက်လာတယ်။ အဲ့ဆိုင်ကယ်က ဟွန်းကို အကြိမ်ကြိမ်တီးတယ်။ အဲ့ချိန်မှာ နောက်ကနေ ဆိုင်ကယ်တစ်စီးက အမေတို့ဆိုင်ကယ်နားရောက်လာပြီးတော့ အမေရဲ့ပိုက်ဆံအိတ်ကြိုးကိုဆွဲသွားတယ်။ အမေကလည်းပိုက်ဆံအိတ်ကို လက်နှစ်ဖက်နဲ့ကိုင်ထားတော့ ပိုက်ဆံအိတ်ကိုဆွဲလုကြတယ်။ ပြီးတော့ အမေက ဆိုင်ကယ်ပေါ်ကနေကျပြီးတော့ ပိုက်ဆံအိတ်ကြိုးလည်းပျက်သွားတယ်။ အိတ်ကတော့သူတို့ဆီပါသွားတယ်။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ ၈ သိန်း၊ ဖုန်း ၃ လုံး၊ အိမ်ကဘီဒီယိုသော့တွေပါတယ်။ အမေက နံရိုးနာတယ်လို့ပြောတယ်။ အခု ဆေးရုံမှာ ဓာတ်မှန်ရိုက်ဖို့သွားနေတယ်” လို့ပြောပါတယ်။

ဦးရိုနေပုမ်ရဲ့သားတစ်ဦးက “အဖေက အမေကိုဆိုင်ကယ်နောက်မှာတင်ထားတယ်။ အမေက ပိုက်ဆံအိတ်ကိုလက်နဲ့ပိုက်ထားတယ်။ Methodist ဘုရားကျောင်း ခန်းမနဲ့ New Light သောက်ရေသန့်စက်ရုံကြား ရောက်တဲ့ချိန်မှာ ဆိုင်ကယ်တစ်စီးက သူတို့ကိုကျော်တက်လာတယ်။ အဲ့ဆိုင်ကယ်က ဟွန်းကို အကြိမ်ကြိမ်တီးတယ်။ အဲ့ချိန်မှာ နောက်ကနေ ဆိုင်ကယ်တစ်စီးက အမေတို့ဆိုင်ကယ်နားရောက်လာပြီးတော့ အမေရဲ့ပိုက်ဆံအိတ်ကြိုးကိုဆွဲသွားတယ်။ အမေကလည်းပိုက်ဆံအိတ်ကို လက်နှစ်ဖက်နဲ့ကိုင်ထားတော့ ပိုက်ဆံအိတ်ကိုဆွဲလုကြတယ်။ ပြီးတော့ အမေက ဆိုင်ကယ်ပေါ်ကနေကျပြီးတော့ ပိုက်ဆံအိတ်ကြိုးလည်းပျက်သွားတယ်။ အိတ်ကတော့သူတို့ဆီပါသွားတယ်။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ ၈ သိန်း၊ ဖုန်း ၃ လုံး၊ အိမ်ကဘီဒီယိုသော့တွေပါတယ်။ အမေက နံရိုးနာတယ်လို့ပြောတယ်။ အခု ဆေးရုံမှာ ဓာတ်မှန်ရိုက်ဖို့သွားနေတယ်” လို့ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်တွေက တာဟန်းရပ်ကွက် ရဲစခန်းသို့တိုင်ကြားထားပါတယ်။
တာဟန်းရဲကင်းမှူး စိုးသီဟလွင်က “ပိုက်ဆံအိတ်လုယူသွားတဲ့သူတွေက ဘယ်သူလဲဆိုတာ စုံစမ်းနေဆဲ” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်