တမူးမြို့တွင် (၁၄)ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆက်လက်ဖြစ်ပွားပါက Stay at Home ကြေညာမယ်

အိန္ဒိယ-မြန်မာနယ်စပ် စီးပွားရေးမြို့ဖြစ်တဲ့ တမူးမြို့တွင် ဒီနေ့ကစပြီး (၁၄)ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆက်လက်ဖြစ်ပေါ်နေပါက Stay at Home သတ်မှတ်ဖို့ အထက်ကိုတင်ပြမယ်လို့ ဒီကနေ့ဆုံးဖြတ်ကြပါတယ်။

ဒီနေ့ တမူးမြို့အာဏာပိုင်များနဲ့ မြို့နယ်တာဝန်ရှိသူများ အစည်းအဝေးတွင်အထက်ပါအတိုင်းဖြတ်ဆုံးကြပါတယ်။

တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက “ဒီနေ့ကစပြီး ၁၄ရက်အတွင်း
ရောဂါကာကွယ်နိုင်ရေးအသိပညာပေး၊ထိန်းချုပ်နိုင်ရေးတို့ကိုဆောင်ရွက်သွားမည်ဖြစ်ပြီး၊
ရောဂါပိုးတွေ့ရှိမှု ရပ်တန့်မှုမရှိပါက တမူးမြို့အား stay at home သတ်မှတ်နိုင်ရန် အထက်သို့
တင်ပြသွားပါမယ်” လို့ ၎င်းလူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားပါတယ်။

တကယ်ပဲ တမူးမြို့သာ Stay at Home သတ်မှတ်ပါက ချင်းပြည်နယ်နဲ့ ကလေးကဘော်ဒေသက ရာသီပေါ် မြောက်ငိုသီးဈေးကွက်အထိနာမှာဖြစ်ပါတယ်။

Zalen ad

တမူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂ ယောက်ရှိပြီး လက်ရှိ ဆေးရုံတွင် ကိုဗစ် လူနာ (၃၀) ကုသလျက်ရှိပြီး ရောဂါကူးစက်သူ (၁၀၅)ဦးရှိပါပြီ။

(Zawgyi)

တမူးၿမိဳ႕တြင္ (၁၄)ရက္အတြင္း ကိုဗစ္-၁၉ ေရာဂါကူးစက္မႈဆက္လက္ျဖစ္ပြားပါက Stay at Home ေၾကညာမယ္

အိႏၵိယ-ျမန္မာနယ္စပ္ စီးပြားေရးၿမိဳ႕ျဖစ္တဲ့ တမူးၿမိဳ႕တြင္ ဒီေန႔ကစၿပီး (၁၄)ရက္အတြင္း ကိုဗစ္-၁၉ ေရာဂါကူးစက္မႈဆက္လက္ျဖစ္ေပၚေနပါက Stay at Home သတ္မွတ္ဖို႔ အထက္ကိုတင္ျပမယ္လို႔ ဒီကေန႔ဆုံးျဖတ္ၾကပါတယ္။

ဒီေန႔ တမူးၿမိဳ႕အာဏာပိုင္မ်ားနဲ႔ ၿမိဳ႕နယ္တာဝန္ရွိသူမ်ား အစည္းအေဝးတြင္အထက္ပါအတိုင္းျဖတ္ဆုံးၾကပါတယ္။

တမူးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏိုင္ႏိုင္ဝင္းက “ဒီေန႔ကစၿပီး ၁၄ရက္အတြင္း
ေရာဂါကာကြယ္ႏိုင္ေရးအသိပညာေပး၊ထိန္းခ်ဳပ္ႏိုင္ေရးတို႔ကိုေဆာင္႐ြက္သြားမည္ျဖစ္ၿပီး၊
ေရာဂါပိုးေတြ႕ရွိမႈ ရပ္တန႔္မႈမရွိပါက တမူးၿမိဳ႕အား stay at home သတ္မွတ္ႏိုင္ရန္ အထက္သို႔
တင္ျပသြားပါမယ္” လို႔ ၎လူမႈကြန္ယက္စာမ်က္ႏွာတြင္ေရးသားထားပါတယ္။

တကယ္ပဲ တမူးၿမိဳ႕သာ Stay at Home သတ္မွတ္ပါက ခ်င္းျပည္နယ္နဲ႔ ကေလးကေဘာ္ေဒသက ရာသီေပၚ ေျမာက္ငိုသီးေဈးကြက္အထိနာမွာျဖစ္ပါတယ္။

တမူးၿမိဳ႕နယ္တြင္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးသူ ၂ ေယာက္ရွိၿပီး လက္ရွိ ေဆး႐ုံတြင္ ကိုဗစ္ လူနာ (၃၀) ကုသလ်က္ရွိၿပီး ေရာဂါကူးစက္သူ (၁၀၅)ဦးရွိပါၿပီ။

နောက်ဆုံးရသတင်းများ

ဘုရားကျောင်းတွေ တိုက်ခိုက်ခံရမှုအပေါ် အမေရိကန်က စစ်ကောင်စီကို ဖိအားပေးဖို့ပြင်ဆင်နေ

မေ ၁၂၊ ၂၀၂၆Zalen မြန်မာနိုင်ငံထဲမှာရှိတဲ့ ခရစ်ယာန်ဘာသာရေး အဆောက် အအုံတွေကို မြန်မာစစ်ကောင်စီတပ်က တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အထူးစိုးရိမ်နေသလို၊ ဒီကိစ္စတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြောပါတယ်။ အမေရိကန် ...

ဆက်ဖတ်ရန်