တီးတိန်မြို့မှာ PDF အယောင်ဆောင်ကာ ပစ္စည်းခိုးယူသူကို PDF Zoland ဖမ်းမိ

ချစ်ခြင်းနွေ/ ၄၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ PDF-Zoland အဖွဲ့ဝင်လို အယောင်ဆောင်ပြီး နေအိမ်တစ်ခုမှာ တည်းခိုခဲ့တဲ့အပြင် အဲဒီအိမ်ကနေ ဆိုင်ကယ်တစ်စီးခိုးယူခဲ့တဲ့ သူကို စက်တင်ဘာလ ၃၀ ရက်နေ့ က PDF Zoland ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

 PDF Zoland အယောင်ဆောင်သူဟာ တီးတိန်မြို့မှာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ  တာဝန်နဲ့ရောက်လာတာပါလို့ဆိုကာ ဒေသခံတွေဆီ တစ်ပတ်နီးပါးတည်းခိုပြီးနောက် အခုလို ဆိုင်ကယ်ခိုးယူ ထွက်ပြေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

“သူက သူ့ကိုယ်သူ PDF Zoland ပါလို့ပြောပြီး တာဝန်နဲ့ရောက်လာတာ၊ ခဏနေပါရစေလို့ ပြောတော့၊ ကျွန်မတို့လည်း ထမင်းတွေ ဘာတွေ ကျွေးထားတာပေါ့။ နောက် တစ်ပတ်လောက်ကြာတော့ ဆိုင်ကယ်ယူပြီး ပြေးသွားတာပါပဲ”လို့ တီးတိန်ဒေသခံတစ်ဦးက ပြောပါတယ်။

ခိုးယူသူမှာ ဇနီးနဲ့ သားသမီးရှိတာကြောင့် ၎င်းတို့သိက္ခာကို  ငဲ့ညှာတဲ့အနေနဲ့ သူ့ရဲ့ အမည်၊ အသက်နဲ့ နေရပ်လိပ်စာကို ဖော်ပြခြင်းမရှိပါ။ ခိုးယူခံရတဲ့ ဆိုင်ကယ်ကို ပိုင်ရှင်ဆီ ပြန်လည် ပေးအပ်ခဲ့ပြီး ခိုးယူသူကို PDF – Zolandက လက်ရှိ  ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။

အခုလို PDF Zoland ရဲ့ နာမည် ပျက်အောင် လိမ်ညာယောင်ဆောင်သူကို အရေးယူဖို့ တီးတိန် မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ PDF-Zoland က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် တီးတိန်မြို့မှာ ပစ္စည်းပျောက်ဆုံးမှုလာပြီး ဆိုင်ကယ်၊ ကားဘက်ထရီ စတဲ့ ပစ္စည်းတွေ အများဆုံးပျောက်ဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ...

ဆက်ဖတ်ရန်