တွန်းဇံမြို့နယ်တွင် ပြည်မမှတက်လာတဲ့လမ်းအလုပ်သမားတစ်ဦးက ၉ နှစ်အရွယ်ကလေးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

တွန်းဇံမြို့နယ်တွင် ပြည်မမှတက်လာတဲ့လမ်းအလုပ်သမားတစ်ဦးက ၉ နှစ်အရွယ်ကလေးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

ပြည်မဘက်မှ လမ်းအလုပ်သမားလာရောက်လုပ်ကိုင်တဲ့ ဗိုလ်ဝင်း (၂၇ နှစ်)က တွန်းဇံမြို့နယ် နတ်ဇန်ကျေးရွာက တတိယတန်းကျောင်းသူ(၉)နှစ်အရွယ်မိန်းကလေးကို ဇူလိုင်လ (၂၂)ရက် မနက် ၄ နာရီတွင် အဓမ္မပြုကျင့်မှုဖြစ်ပွားပါတယ်။

ဇိုမီးလူငယ်အဖွဲ့၊ တွန်းဇံမြို့နယ်က ကလေးမိဘတွေထံသွားရောက်အားနေစဉ်

ဖြစ်စဉ်မှာ တွန်းဇံမြို့နယ် နတ်ဇန်ကျေးရွာတွင်နေထိုင်တဲ့ ဦး …. နဲ့ ဒေါ်….တို့ဟာ ကလေးမြို့သို့ သွားနေစဉ် အိမ်မှာ မ… (၉ နှစ်)နဲ့အတူ မောင်… (၁၂ နှစ်)နဲ့ အသက် ၆ နှစ်အရွယ်ညီမလေးတို့သာအိမ်မှာကျန်ခဲ့ပါတယ်။ ဇူလိုင်လ ၂၂ ရက် မနက် ၄ နာရီတွင် ၎င်းတို့အိမ်မှာ ညအိပ်တည်းခိုနေထိုင်တဲ့ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အလယ်ကန်အုပ်စု၊ သန်းတောရွာနေ လမ်းအလုပ်သမား ဗိုလ်ဝင်းက မ… (၉နှစ်)ကို အိမ်ရှေ့ခန်းထဲတါင် သားမယားပြုကျင့်ခဲပါတယ်။ မ… (၉နှစ်)ရဲ့နေထိုင်ပုံကိုမသင်္ကာသဖြင့် အမဝမ်းကွဲတော်သူ မ… (၁၉)နှစ်ကမေးမြန်းလို့ဖြစ်စဉ်ကိုသိခဲ့ပြီး မိဘတို့ပြန်လာတဲ့အချိန်မှာယင်းအကြောင်းကိုပြောပြပါတယ်။ မ… (၉ နှစ်)ရဲ့မိခင်ကိုယ်တိုင် တရားလိုအဖြစ် တွန်းဇံမြို့နယ်ရဲစခန်းသို့တိုင်ကြားပြီး ဗိုလ်ဝင်းကို ဇူလိုင်လ ၂၂ ရက် ည ၁၁ နာရီတွင် တီးတိန်မြို့အလွန်မှာ တီးတိန်မြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးကြပါတယ်။

ယင်းအမှုကိုလိုက်ပါကူညီပေးနေတဲ့ တွန်းဇံမြို့နယ် လူမှုဝန်းထမ်းဦးစီးဌာနမှ ဒေါ်ကြိုင်နူး က “မုဒိမ်းကျင့်တဲ့သူက ကားတစ်စီးနဲ့ ကလေးမြို့ဘက်ကိုထွက်ပြေးတယ်။ တီးတိန်မြို့အကျော်မှာ ကားဘီးပေါက်လို့ပြင်နေတဲ့ချိန်မှာ ရဲတွေကသွားဖမ်းမိတယ်။ ကျမတို့ဌာနကတော့ သူတို့ရှေ့နေတွေမငှားနိုင်ရင် ငှားပေးမယ်” လို့ပြောပါတယ်။

ဒါကြောင့် သက်ငယ်မုဒိမ်းမှုကျူးလွန်သူလို့ယူဆရတဲ့ ဗိုလ်ဝင်း (၂၇ နှစ်)ကို ရာဇာသတ်ကြီးပုဒ်မ (၃၇၆) နဲ့ တွန်းဇံမြို့နယ် ရဲစခန်းမှာအမှုဖွင့်ထားပါတယ်။

ပြီးခဲ့တဲ့အပတ်တွင်လည်း တီးတိန်မြို့နယ် ဆေးရုံအဆောက်အဦးသစ်ဆောက်လုပ်သည့် အလုပ်သမား (၅)ဦးက မြို့ထဲရှိ ဘီယာဆိုင်တွင် မူးယစ်ယမ်းကားပြီးဆိုင်ကို ညသန်ခေါင်တွင် ကျောက်ခဲများနဲ့ ပစ်ပေါက်မှုဖြစ်ပွားခဲ့လို့ ဆိုင်ရှင်က အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တွင်လည်း လမ်းအလုပ်သမားတွေက တွန်းဇံမြို့နယ် တုန်းတွောင်ကျေးရွာတွင် လမ်းအလုပ်သမားတွေက အရက်မူးရန်ဖြစ်ကြရာမှ ကျေးရွာစာသင်ကျောင်းပျက်စီးခံရတဲ့အမှုဖြစ်ပွားခဲပါတယ်။ ဒါပြင့် ၂၀၁၇ ခုနှစ် ဧပြီလ (၂)ရက်နေ့တွင် တွန်းဇံမြို့နယ် Vialcian ကျေးရွာတွင် ရွေ့ပြောင်း တံတားလုပ်သားတစ်ဦးမှ ကားသမားတစ်ဦးကို ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ဖူးပါတယ်။

နောက်ဆုံးရသတင်းများ

စစ်‌ကောင်စီကို လက်နက်နဲ့ နည်းပညာအကူညီတွေ၊ သင်တန်းပေးတာတွေ ရပ်တန့်ဖို့ အိန္ဒိယကို JFM တောင်းဆို

၁၇၊ မေ၊ ၂၀၂၄ Zalen မြန်မာစစ်ကောင်စီကို စစ်လက်နက်၊ ဆက်စပ်ပစ္စည်းတွေ၊ နည်းပညာ၊ လောင်စာဆီတွေ လွှဲပြောင်း ရောင်းချ‌ တာတွေနဲ့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံး အကူညီပေးနေတာတွေ ချက်ချင်းရပ်ဆိုင်းဖို့ အိန္ဒိယအစိုးရကို Justice For Myanmar ...

ဆက်ဖတ်ရန်