ထီးလင်းမြို့နယ်အတွင်း ဓားထိုးမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံး

၅ ၊ နို၀င်ဘာ ၊၂၀၂၅

Zalen

မကွေးတိုင်း ၊ဂန့်ဂေါခရိုင် ၊ထီးလင်းမြို့နယ်အရှေ့ဘက်ခြမ်းရှိ ရင်းရောင်းရွာမှာ မနေ့က နို၀င်ဘာလ ၄ ရက်နေ့မှာ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေ နဲ့နီးစပ်သူတွေထံကနေ သတင်းရရှိပါတယ်။

အဆိုပါ အခင်းဖြစ်စဉ်ကတော့ မနေ့က ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးကျူးလွန်သူတရား ခံကိုလည်း ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ (ပလဖ) က ဖမ်းဆီးထိန်းချုပ်လိုက်ပြီလို့ဆိုပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ ဒေသခံတွေနဲ့နီးစပ်သူတစ်ဦးက “မနေ့က မိုးအရမ်းရွာတဲ့ချိန်မှာဖြစ်တာတဲ့။ ရွာထဲကအိမ်မှာဖြစ်တာလို့ သိရတယ်။” လို့ Zalen ကိုပြောပါတယ်။

ဒါ့အပြင် ဖုန်းလိုင်း ဆက်သွယ်ရေးအခက်အခဲကြောင့် အကြောင်းစုံကိုတော့ မသိရသေးဘဲစုံစမ်းနေဆဲဖြစ်ပြီး တရားခံကိုတော့ ပြည်သူ့လုံခြုံရေးအဖွဲ့က ထိန်းသိမ်းထားလိုက်ပြီလို့ သူက ရှင်းပြပါတယ်။

ဓားထိုးမှုကြောင့် သေဆုံးသူကတော့ ဦးညီညီစိုး အသက် ၃၈ နှစ် ဖြစ်ပြီး ကျူးလွန်သူကတော့ ဦးရဲကျော်စွာအသက် ၄၄ နှစ် ဖြစ်တယ်လို့ဆိုပါတယ်။

သတင်း – ‌ညီစေ

နောက်ဆုံးရသတင်းများ

တီးတိန်မြို့သိမ်းတိုက်ပွဲကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ZRA-EC ပြော

ဧပြီ ၂၂၊ ၂၀၂၆ Zalen ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့မှာ နွေဦးတော်လှန်ရေးကို အကြောင်းပြပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တာမျိုးကို လုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ Zomi Political Coordination Council (ZPCC) /ZRA-EC က ကန့်ကွက်လိုက်ပါတယ်။ Zogam ...

ဆက်ဖတ်ရန်