ထီးလင်းမြို့အနီးတွင် ချင်းလူငယ် ၂ ဦးအသတ်ခံရ

မကွေးတိုင်း၊ ထီးလင်းမြို့အနီးတွင် ရိုးရာသွားစိုက်လုပ်ငန်းလုပ်ကိုင်တဲ့ ချင်းလူငယ် ၂ ဦးကို မေလ ၄ ရက်တွင် အမည်မသိ အရပ်ဝတ်လူတစ်စုကဖမ်းဆီးသတ်ဖြတ်ခြင်းခံရတယ်လို့ The Chin Journal မှာဖော်ပြထားပါတယ်။

အသတ်ခံရတဲ့ ချင်းလူငယ် ၂ ဦးကတော့ ဂန့်ဂေါမြို့ နယ်၊ အုတ်လှကျေးရွာက ဆလိုင်းကျူံးဇုန်ထန်(၂၄နှစ်)၊ ဆလိုင်းဂျိုးနသန် (၁၇နှစ်) တို့ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ဆလိုင်းကျူံးဇုန်ထန်၊ ဆလိုင်းဂျိုးနသန်၊ သားငယ် နဲ့ ၎င်းတို့သူငယ်ချင်းတစ်ယောက်ဟာ ရိုးရာသွားစိုက်လုပ်ငန်းလုပ်ကိုင်တဲ့သူတွေဖြစ်ပြီး မကွေးတိုင်းမှာ တစ်ရွာဝင် တစ်ရွာထွက်ပြီး သွားစိုက်ပေးကြပါတယ်။

Zalen ad

ထီးလင်းမြို့တွင် အကြမ်းဖက် စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ပစ်ခတ်မှုတွေရှိလာတာကြောင့် မေ ၄ ရက်တွင် ၎င်းတို့ရွာသို့ပြန်လာစဉ် အခုလို ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတာပါ။

အုတ်လှရွာသားတစ်ဦးက “ထီးလင်းမှာပစ်ခတ်နေတဲ့ချိန်ဆိုတော့ သူတို့ ၄ ယောက်စလုံးဖမ်းဆီးခံရတယ်။ ကျူံးဇုန်ထန်နဲ့ ဂျိုးနသန်ကိုသတ်ပြီးမီးရှို့ကြတယ်တဲ့။ သားငယ်ကတော့ ထွက်ပြေးနိင်လို့ ဒီမနက်(မေ ၅)မှာ ရွာကိုတစ်ကိုယ်လုံးဒဏ်ရာနဲ့ရောက်လာတယ်။ သူတို့သူငယ်ချင်းတစ်ယောက်က အနီးနားကရွာသားတွေက ကယ်နိင်လို့ရွာကိုဖုန်းဆက်ပြီး ညနေပိုင်းသွားခေါ်ကြတယ်။ ၂ ယောက်စလုံး ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတော့ မေးမြန်းလို့လည်းမရသေးဘူး။ ဘယ်အဖွဲ့က သတ်တာလည်းဆိုတာတောင်မသိနိင်သေးဘူး” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်