နာဂတို့ရဲ့ ပထမဆုံး နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရရှိ

နာဂအမျိုးသားပါတီဥက္ကဌ ဦးရှုမောင်

နာဂတို့ရဲ့ ပထမဆုံး နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရရှိ

နာဂတိုင်းရင်းသားတို့ရဲ့ တစ်ခုတည်းသော နိုင်ငံရေးပါတီဖြစ်တဲ့ နာဂအမျိုးသားပါတီကို ဇွန်လ ၁၉ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပါတီတည်ထောင်ခွင့်ရရှိပါတယ်။

နာဂအမျိုးသားပါတီ (Naga National Party-NNP) ရဲ့တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် “နာဂလူမျိုးတွေရဲ့ အသွေးအသားတွေထဲကနေဖြစ်တည်လာပြီး နာဂလူမျိုးတွေအတွက် အေးအတူပူအမျှ အတူတကွရပ်တည်သွားမဲ့ နာဂအမျိုးသားပါတီဟာ အခုဆိုရင် အများပြည်သူများရှေ့မှောက်မှာ ဖြစ်တည်လို့လာပါပြီ။ မြန်မာနိုင်ငံတွင်းတည်ရှိနေတဲ့ တိုင်းရင်းသားပါတီများနှင့်အတူ နာဂအမျိုးသားပါတီဟာလည်း နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ ရပ်တည်ရန် မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးဖော်ပြအပ်ပါသည်။ ပိုမိုတောက်ပသော အနာဂတ်ဆီသို့ အမျိုးသားပါတီနှင့်အတူ လျှောက်လှမ်းကြပါစို့” လို့ဖော်ပြထားပါတယ်။

နာဂအမျိုးသားပါတီရဲ့ဥက္ကဌမှာ ဦးရှုမောင်ဖြစ်ပါတယ်။ ပါတီရုံးချုပ်ကို စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ခန္င်္တီးမြို့တွင်ဖွင့်လှစ်ထားပြီး ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲတွင် နာဂတိုင်းရင်းသားများနေထိုင်ရာ ဒေသများတွင်ဝင်ရောက် အရွေးခံဖို့ရည်မှန်းကြပါတယ်။

Zalen ad

နာဂတိုင်းရင်းသားတွေအများဆုံးနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီး လဟယ်၊ နန်းယွန်း၊ လေရှီးမြို့နယ်တို့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ ကလေး-တမူးလမ်းမပေါ်က တံတား (၃)စင်းအနက် ၅၅ မိုင်တံတားကို သက်ဆိုင်ရာတာဝန်ရှိသူများပြန်လည်ပြုပြင်

ဇွန် ၂၂၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေး-တမူးလမ်းမပေါ်မှာ တိုက်ပွဲအတွင်းပျက်စီးသွားတဲ့ တံတာ(၃) စင်းအနက် ၅၅မိုင်တံတားကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများ က ယာယီသွားလို့ရအောင် ပြုပြင်မွန်းမံထားတယ်လို့ ဒေသသတင်းအရင်းအမြစ်များထံကသိရပါတယ်။ အဆိုပါ တံတားများအနက် ၅၅ မိုင်တံတားကို ...

ဆက်ဖတ်ရန်