ပုဒ်မ ၅၉ (စ)ကို ဒီချုပ်၊ ရှမ်းဒီချုပ်နဲ့အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီက ပယ်ဖျက်ရန်သဘောတူပြီး ဇိုမီး၊ တအောင်း(ပလောင်)နဲ့မွန်ပါတီက ပြင်ဆင်ရန်လိုလား

ပုဒ်မ ၅၉ (စ)ကို ဒီချုပ်၊ ရှမ်းဒီချုပ်နဲ့အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီက ပယ်ဖျက်ရန်သဘောတူပြီး ဇိုမီး၊ တအောင်း(ပလောင်)နဲ့မွန်ပါတီက ပြင်ဆင်ရန်လိုလား

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတို့ရဲ့အရည်အချင်းသတ်မှတ်ချက်တွင်ပါဝင်တဲ့ ပုဒ်မ ၅၉ (စ)ကို ဒီချုပ်ပါတီ၊ ရှမ်းဒီချုပ်ပါတီနဲ့ အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီက ပယ်ဖျက်ရန်သဘောတူပြီး ဇိုမီး၊ တအောင်း(ပလောင်) နဲ့ မွန်အမျိုးသားပါတီက ပြင်ဆင်ရန် အကြံပြုထားပါတယ်။

ပုဒ်မ ၅၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်းခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများမဖြစ်စေရ၊

ပုဒ်မ ၅၉ (စ)ကို ဒီချုပ်၊ ရှမ်း၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီတို့က ပယ်ဖျက်ရန် အကြံပြုထားပါတယ်။

တအောင်း(ပလောင်)အမျိုးသားပါတီက မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကိုခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများမဖြစ်စေရ လို့ပြင်ဆင်ရန်အကြံပြုထားပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင်ရှိသူများ မဖြစ်စေရ လို့ပြင်ဆင်ရန် အကြံပြုထားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်