မင်းတပ်မြို့မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို CDF-Mindat ကပစ်ခတ်တိုက်ခိုက်

၂၆၊အောက်တိုဘာ၊၂၀၂၃

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့ M-1အဆောက်ဦးမှာ တပ်စွဲထားတဲ့ အင်အား ၄၀ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာလ ၂၄ရက်နေ့ ည ၁၁နာရီမှာ CDF-Mindatက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

”ည ၁၁လောက်မှာ သေနတ်တွေလက်နက်ကြီးတွေနဲ့ အပြန်လှန်ပစ်ကြတယ်။ မိနစ်၂၀လောက်ကြာတယ်။ မနက်မှာတော့ စစ်သားတွေ ဒဏ်ရာရတဲ့လူတချို့ကိုမြင်တဲ့လူလည်းရှိတယ်။ သေဆုံးမှုတော့မသိဘူးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Zalen ad

CDF-Mindat တပ်ဖွဲ့ဝင်တစ်ဦးက”သူတို့ချောင်းပစ်ခံရတာဆိုတော့ သေဆုံးထိခိုက်ရှိနိုင်ပေမယ့် ညဆိုတော့ အတည်ပြုလို့မရသေးဘူး။ ကိုယ့်ဘက်ကတော့ အထိခိုက်မရှိဘဲပြန်ဆုတ်လာနိုင်တယ်။ မြို့ထဲမှာကတော့ ရန်သူ့ ဂိတ်နဲ့စခန်းတွေကို အဲဒီညလိုဘဲ အလစ်ငိုက်တိုက်ခိုက်လေ့ရှိတယ်။စနိုက်ပါတွေနဲ့ အဝေးကနေလှမ်းပစ်တာတွေရှိတယ်။ ပြည်သူတွေအထိခိုက်မရှိအောင် အတတ်နိုင်ဆုံးရှောင်ပြီးလုပ်ရတယ်”လို့သူကပြောထားပါတယ်။

ပွင့်လင်းရာသီရောက်လာပြီဖြစ်လို့ စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးရန်ကနေ ကာကွယ်နိုင်ဖို့ မိမိအိမ်အနီးမှာ ပုန်းခိုကျင်းတွေတူးထားကြဖို့ အောက်တိုဘာလ ၁၅ရက်နေ့မှာ CDF-Mindat ကအသိပေးထုတ်ပြန်ထားပါတယ်။

HAK

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်