မင်းတပ်မြို့အ၀င်ကို စစ်ကောင်စီတပ်ကလေကြောင်း ကနေဗုံးကြဲတိုက်ခိုက်မှုလုပ်

ဇန်နဝါရီ ၂၁၊၂၀၂၆။
Zalen
ချင်းပြည်နယ် ၊ မင်းတပ်မြို့အ၀င် နေရာတွေကို ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက် ညနေ ၃ နာရီခွဲ ၀န်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း မှာ
မကွေး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ နှစ်စီး နဲ့ နှစ်ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
” မင်းတပ်မြို့အ၀င်ပန်းခြံ နားတွေကိုကြဲသွားတယ်။ အဲဒီအနီးအနားမှာ လက်ဘက်ရည်ဆိုင်တွေတော့ရှိတယ်” လို့ ဒေသခံ အမျိုးသမီးတဦးက Zalen ကို ပြောပါတယ်။
အဲဒီ ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက် ၊ ပျက်စီး တာတွေတော့ ဘာမှ မကြားသေးဘူးလို့ သူမက ဆက်ပြီးရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့တုန်းကလည်း စစ်ကောင်စီက ထင်ချောင်းကျေးရွာအနီး နဲ့ မင်းတပ် – ကျောက်ထု ကားလမ်းမတွေကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။
သတင်း – မိုးပီအောင်
ဓာတ်ပုံ -လူမှုကွန်ယက်
#မင်းတပ်#ဗုံးကြဲ#စစ်ကောင်စီ#Zalen

နောက်ဆုံးရသတင်းများ

အိန္ဒိယနယ်စပ်တနေရာသို့ စစ်ဘေးခိုလှုံနေရတဲ့ ပြည်သူအချို့ကို IFT နဲ့ CDM ကျန်းမာရေးဆရာများ သွားရောက်ထောက်ပံ့

ဇူလိုင်  ၄၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူး-ကလေးလမ်းပိုင်း ခမ်းပါတ်မြို့နယ်အတွင်း စစ်အုပ်စုကအင်အား အလုံး အရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်နေတာကြောင့် အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ပြည်သူတချို့အား အရေးပေါ်လိုအပ်နေတဲ့ အခြေခံစားသောက်ကုန်များကို IFT ...

ဆက်ဖတ်ရန်